၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ဖလမ်းမြို့နယ်မှ ကျေးရွာ(၁၀၀) ကျော် လျှပ်စစ်မီးရရှိမည်

၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ဖလမ်းမြို့နယ်မှ ကျေးရွာ(၁၀၀) ကျော် လျှပ်စစ်မီးရရှိမည်

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၀၀) ကျော်သည် လာမည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကပြောသည်။

သြဂုတ်လ (၁၆) ရက်နေ့ ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) ဦးဇုန်လှယ်ထန်းမှ ၂၀၃၀ ပြည့်နှစ်တွင်တစ်ပြည်လုံး မီးလင်းရေး ရည်မှန်းချက်နှင့် အညီ ဖလမ်းမြို့နယ်အတွင်းရှိကျေးရွာများအားလုံး လျှပ်စစ်မီးရရှိနိုင်ရေးနှစ်အလိုက် မည်ကဲ့သို့ စီမံကိန်းရေးဆွဲထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ထိုသို့ဖြေကြားခြင်းဖြစ်သည်။

“၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ဖလမ်းမြို့နယ်အတွင်း ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးနိုင်ရေး ရေးဆွဲထားသော စီမံချက်အရ စာရင်းရှိကျေးရွာ (၁၆၇)ရွာအနက် ကျေးရွာစုစုပေါင်း (၁၀၅)ရွာ ဓာတ်အားစနစ်ဖြင့် မီးလင်းနိုင်ရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ကျန်ကျေးရွာ (၆၂)ရွာမှာ ကျေးရွာများစုဖွဲ့မှုမရှိဘဲ ပြန့်ကျဲစွာတည်ရှိနေခြင်းကြောင့် လည်းကောင်း၊ ကျေးရွာများ၏ မြေပြင်တည်ရှိမှုအနေအထားအရလည်းကောင်း ဓာတ်အားစနစ် ဖြင့် ဓာတ်အားပေးနိုင်ရေးဆောင်ရွက်ရန် မသင့်လျော်သည့်ကျေးရွာများဖြစ်သဖြင့် နေရောင်ခြည် (သို့)အသေးစား ရေအားလျှပ်စစ်စက်ရုံကဲ့သို့သော ဓာတ်အားစနစ်ပြင်ပ အခြားနည်းလမ်းများဖြင့် မီးလင်းရေးဆောင်ရွက်ပေးမည်’’ ဟု ဒုဝန်ကြီးကပြောသည်။

ဖလမ်းမြို့နယ်အတွင်း ကျေးရွာပေါင်း (၁၆၇)ရွာ တည်ရှိပြီး လက်ရှိကာလအထိ ကျေးရွာပေါင်း (၁၅)ရွာအား ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် မီးလင်းရေးဆောင်ရွက်နေသည့် ကျေးရွာ(၂)ရွာရှိသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အကုန်တွင် ဓာတ်အားစနစ်ဖြင့် မီးလင်း သည့် ကျေးရွာ(၁၇)ရွာ ရှိလာမည်ဖြစ်သည်ဟု ဝန်ကြီးကဆက်ပြောသည်။

ဗားလုံကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများ စုစုပေါင်း(၂၇)ရွာ ဓာတ်အားရရှိရေးအတွက် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံကို ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း JICA ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်မည်ဖြစ်ပြီး၊ တလန်းဇာရ်ကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများ စုစုပေါင်း(၁၈)ရွာ ဓာတ်အား ရရှိရေးအတွက် ၆၆/၃၃ ကေဗွီ ၁၀ အမ်ဗွီအေ ခွဲရုံ (၁)ရုံနှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်တည်ဆောက်မည်ဖြစ်သည်။

ထို့အပြင် စတောမ်ကျေးရွာအပါ အဝင် ပတ်ဝန်းကျင်ကျေးရွာများ စုစုပေါင်း(၄၃)ရွာ ဓာတ်အားရရှိရေးအတွက် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရန် စီမံချက်ရေးဆွဲ လျာထားပြီးဖြစ်၍ ကျေးရွာပေါင်း (၈၈)ရွာ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ထပ်မံဓာတ်အားရရှိနိုင်မည်ဖြစ်သည်ဟု ပြည်ထောင်စု ဒုဝန်ကြီးကပြောသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...