ရေဘေးသင့် နောင်မွန်းဒေသခံများကို ရဝမ်လူငယ်အဖွဲ့ စားနပ်ရိက္ခာ ကူညီပေး

ရေဘေးသင့် နောင်မွန်းဒေသခံများကို ရဝမ်လူငယ်အဖွဲ့ စားနပ်ရိက္ခာ ကူညီပေး

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် Nawngmun (နောင်မွန်း)မြို့နယ်အတွင်း ရေဘေးသင့် ဒေသခံများကို Rawang (ရဝမ်)လူငယ်အဖွဲ့မှ စားနပ်ရိက္ခာများ ကူညီပေးခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် ဒုက္ခရောက်နေသည့် အိမ်ခြေ ၂၀ကျော်အတွက် စားနပ်ရိက္ခာများကို Rvwang New Generation Congress Myanmar မှ သြဂုတ်လ (၁၁)ရက်နေ့ သွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း ဆိုပါသည်။

“အဲ့ဒီဘက်ရှိတဲ့ ဒေသခံတွေက ရေဘေး တော်တော်ဆိုးရွားစွာကြုံတွေ့ခဲ့ရတယ်။ ရေကလည်း ခဏလေးနဲ့ မကျဘူး။ ဒါကြောင့် ကျနော်တို့ ရဝမ်လူငယ်တွေအနေနဲ့က တတ်နိုင်သလောက် စုပြီး သွားရောက်ကူညီခဲ့တယ်” ဟု လူငယ်တာဝန်ခံ Mabu Sinsar (Mvbøq Sønsvr) ပြောပါသည်။

ဆန်၊ ဆီ၊ ဆပ်ပြာ၊ ဓါတ်ဆား၊ အာဟာရ နှင့် ဆေးဝါးများကို ရေဘေးဒဏ်ကြုံတွေ့ရသော Yapbaw (ရပ်ဘော့) နှင့် Babaw (ဘဘော့) ကျေးရွာ (၂)ရွာ ရွာသားများကို ကူညီခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် လ လယ်ပိုင်းက နောင်မွန်းမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် နေအိမ်များ ပြိုလဲပျက်စီးခဲ့ရပြီး စားနပ်ရိက္ခာ အထောက်အပံ့များ ဆက်လက် လိုအပ်နေဆဲဖြစ်ကြောင်း လူငယ်အဖွဲ့မှသိရသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...