ဦးဝီရသူ၏ ပိုင်ဆိုင်မှုပစ္စည်းများကို ဝရမ်းကပ်ရန် တရားရုံးဆုံးဖြတ်

ဦးဝီရသူ၏ ပိုင်ဆိုင်မှုပစ္စည်းများကို ဝရမ်းကပ်ရန် တရားရုံးဆုံးဖြတ်
Photo- AFP
Photo- AFP

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနှင့်တရားစွဲခံထားရသည့် ဦးဝီရသူကို တရားရုံးသို့ လာရောက်ဖြေရှင်းရန် ကြေညာထားသော်လည်း လာရောက်ခြင်း မရှိသောကြောင့် ပိုင်ဆိုင်မှုများကို ဝရမ်းကပ်ရန် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချလိုက်သည်။

ဦးဝီရသူအား သြဂုတ်လ ၉ ရက်နောက်ဆုံးထား၍ တရားရုံးသို့ လာရောက်ဖြေရှင်းရန် ကြေညာထားသော်လည်း လာရောက်ဖြေရှင်းခြင်းမရှိသောကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေအရ ဦးဝီရသူပိုင်ဆိုင်သည့် ရွှေ့ပြောင်း နိုင် သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို ချိတ်ပိတ်ဝရမ်းကပ်ရန် တရားရုံးမှ အမိန့်ချလိုက်ခြင်း ဖြစ်သည်။ အဆိုပါဝရမ်းကပ်ခြင်းကို ဦးဝီရသူနေထိုင်သည့် မန္တလေးတိုင်းမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဆောင်ရွက် မည်ဟု သိရသည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၈ အရ ထွက်ပြေးတိန်းရှောင်သူတရားရုံးသို့ လာရောက်ဖြေရှင်းခြင်း မရှိသောကြောင့်  ပိုင်ဆိုင်မှု ပစ္စည်းများကို ချိတ်ပိတ် ဝရမ်းကပ်ထားရမည်ဖြစ်ကြောင်း ရှေ့နေတစ်ဦးက ဆိုသည်။

ဦးဝီရသူ၏ ဟောပြောချက်အချို့တွင် အစိုးရအား မလေးစားစေရန်၊ အကြည်ညို ပျက်စေရန် ဟောပြော ချက်များ ပါဝင်သောကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနှင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါအမှုသည် စွပ်စွဲခံရသူမှ ရုံးတော်ရှေ့မှောက်သို့ ရောက်လာခြင်းမရှိသောကြောင့် မျက်ကွယ်တွင် စစ်ဆေးရန် တရားရုံးမှ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ သြဂုတ်လ ၉ရက်နေ့အထိ တရားလိုပြသက်သေ ကိုးဦးထိ စစ်ဆေးပြီးပြီဟု သိရသည်။

နောက်ထပ်ရုံးချိန်းကို စက်တင်ဘာလ ၉ ရက်နေ့ကို ချိန်းဆိုထားသည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...