ဖရဲကျွန်းရွာသားများ သေဆုံးမှုအတွက် ပုဒ်မပြောင်းပြီး အမှုဖွင့်

ဖရဲကျွန်းရွာသားများ သေဆုံးမှုအတွက် ပုဒ်မပြောင်းပြီး အမှုဖွင့်

ဖရဲကျွန်းရွာသား ၃၈ဦး ရေနစ်ပျောက်ဆုံးသေဆုံးမှုအပေါ် ဆေးစာပြန်ကြားချက်အရ သုံးဦးမှာ တုံးသော လက် နက်ဖြင့် ထိခိုက်ဒဏ်ရာရရှိကာ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရသဖြင့် ပုဒ်မပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ သိရသည်။

“မှုခင်းဆေးစာပြန်ကြားချက်အရ ၂၂ဦးက ရေနစ်တဲ့ လက္ခဏာနဲ့ သေဆုံးခြင်းဖြစ်ပြီး သုံးဦးကတော့ တုံးသော လက်နက်ကြောင့် သာမန်ဒဏ်ရာရပြီး ရေနစ်မွန်းကြပ်ဖြင့်သေဆုံးခြင်းဖြစ်တယ်။ ဒီသုံးဦးကတော့ ဖရဲကျွန်း ကျေးရွာက ခင်မောင်စန်း (ခေါ်) မာရီ။ ကျော်ကျော်နဲ့ညီဝင်းအောင်(ခေါ်) ငပိန်တို့ဖြစ်တယ်။ ပဋိပက္ခဖြစ်စဉ်မှာ သာမန်ဒဏ်ရာရပြီး ပြင်ပလူနာအဖြစ် ကုသနေသူ ၁၉ဦးရှိတယ်။ သူတို့လည်း သူတို့ဆန္ဒအရ အမှုဖွင့်မယ်ဆို ဆောင်ရွက်ပေးပါမယ် ” ဟု လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မိုးညိုက ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ဖရဲကျွန်းရွာသား ၃၈ဦး ရေနစ်ပျောက်ဆုံး သေဆုံးခဲ့သဖြင့် သေမှုသေခင်း (ပ)၉၂/၂၀၁၉ ဖြင့်အမှုဖွင့်ထားပြီး ယခုအခါ ဆရာဝန်ဆေးစာအရ သေဆုံးသူများထဲမှ သုံးဦးမှာ တုံးသောလက်နက်ဖြင့် ထိခိုက်ဒဏ်ရာရရှိပြီး ရေနစ် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၁၁၄ဖြင့် အမှုပြောင်းဖွင့်ခဲ့ခြင်း ဖြစ်သည်။

ကံသာကျေးရွာနှင့်ဖရဲကျွန်းကျေးရွာတို့တွင် ဇူလိုင်၂၃ရက်နေ့က မြေနုကျွန်းမြေ အငြင်းပွားရာမှတဆင့် နှစ်ဖက်ကျေးရွာဒေသခံများအကြား ပဋိပက္ခဖြစ်ခဲ့ပြီး ဖရဲကျွန်းကျေးရွာမှရွာသား ၃၈ဦး ရေနစ်ပျောက်ဆုံးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ကနဦးသတင်းထုတ်ပြန်ထားခဲ့သည်။

“ဆေးစာပြန်ကြားလာမှုအရ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့်လှစ်ထားတဲ့ ၁၃မှုမှ ၃မှုကို တုံးသောလက်နက်ကြောင့် သာမန်ဒဏ်ရပြီး ရေနစ်မွန်းသေဆုံးကြောင်းပါရှိလာတဲ့အတွက် သုံးဦးနဲ့ ပတ် သက်ပြီးသေမှုသေခင်းအမှုဖွင့်ထားခြင်းကနေ ကျွန်တော်က တရားလိုပြုလုပ်ပြီး ဒီနေ့ နေ့လယ် ၁၂နာရီမှာ အမှုပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်” ဟု လက်မှတ်ကုန်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်မိုးညိုကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရှာဖွေကယ်ဆယ်ခြင်းများပြုလုပ်ခဲ့ပြီး တွေ့ရှိသေဆုံးသူများနှင့်ပတ်သက်၍ လက်မှတ်ကုန်းနယ်မြေရဲစခန်းတွင်၁၃မှု၊ ရေနံချောင်း မြို့မရဲစခန်းတွင်နှစ်မှုနှင့် ညောင်လှနယ်မြေရဲစခန်းတွင် ၁ဝမှု စသဖြင့် သေမှုသေခင်းဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...