ကျေးရွာနှစ်ခု ပဋိပက္ခမှ ပျောက်ဆုံးသူများကို ရှာဖွေမှု ရပ်ဆိုင်း

ကျေးရွာနှစ်ခု ပဋိပက္ခမှ ပျောက်ဆုံးသူများကို ရှာဖွေမှု ရပ်ဆိုင်း

ရေနံချောင်းမြို့တွင်ဖြစ်ပွားခဲ့သော ကျေးရွာနှစ်ရွာပဋိပက္ခမှ လူသေဆုံးပျောက်ဆုံးခြင်းများအနက်ကျန်သူ များအား ရှာဖွေမှုကို ရပ်ဆိုင်းထားကြောင်း ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာနှင့် ဖရဲကျွန်းကျေးရွာတို့ရှိ မြေနုကျွန်းကိစ္စ အငြင်းပွားရာမှ ဇူလိုင်၂၃ရက် နေ့က နှစ်ဘက်ကျေးရွာဒေသခံများအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဖရဲကျွန်းကျေးရွာဒေသခံ ၄ဝဦး သေဆုံး ပျောက်ဆုံးခဲ့သည်။ သေဆုံးပျာက်ဆုံးသူများအား ကယ်ဆယ်ရှာဖွေရေးများပြုလုပ်ခဲ့ရာ သေဆုံးသူ၂ရဦးနှင့် အသက်ရှင်သူ၂ဦးအားတွေ့ရှိခဲ့ပြီး ၁၁ဦးမှာ ပျောက်ဆုးံနေဆဲဖြစ်ကြောင်းသိရသည်။

“ဧရာဝတီမြစ်ရေကျနေတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လကုန်ရက်က ရပ်နားထားရပါတယ်။ သတင်း ရရှိရင် ဆောင်ရွက်နိုင်အောင်တော့ အသင့်အနေထားပြင်ဆင်ထားတယ်”ဟု  ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက ပြောသည်။

အဆိုပါကျေးရွာနှစ်ခုမှဒေသခံများသည် ၎င်းတို့ကျေးရွာစာသင်ကျောင်း ဖွံဖြိုးရေးအတွက် အသုးံပြုသည့်မြေနုကျွန်း ပေါ်သို့ကံသာကျေးရွာမှ လူနေအိမ်များဆောက်လုပ်သည်ဟုဆိုကာ၊နေအိမ်တစ်လုံးအား ဖြိုလိုက်ရာမှ ပဋိပက္ခစတင် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် ကံသာကျေးရွာမှ လူတစ်ဦးသေဆုံးကာ ဖရဲကျွန်းကျေးရွာမှ ၄ဝဦးပျောက်ဆုံး/သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးပျောက်ဆုံးခြင်းများအတွက် နှစ်ဘက်ကျေးရွာဒေသခံများက အပြန်အလှန်အမှုဖွင့်ခြင်းများပြုလုပ်ခဲ့ပြီး ကံသာကျေးရွာမှ သုံးဦးနှင့် ဖရဲကျွန်းကျေးရွာမှ တစ်ဦးကို ရေနံချောင်းမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ထို့အပြင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဖက်ဒေသခံများက အပြန်အလှန်သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရမှလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးခြင်း များပြုလုပ်လျက်ရှိကြောင်း သြဂုတ်လ ငါးရက်နေ့တွင် တိုင်းအစိုးရထံသို့ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...