ခြေ/ဥပြင်ဆင်ရေး ဆွေးနွေးဖို့ စာရင်းပေးပြီးမှ တပ်မတော် ပြန်ရုပ်သိမ်း

ခြေ/ဥပြင်ဆင်ရေး ဆွေးနွေးဖို့ စာရင်းပေးပြီးမှ တပ်မတော် ပြန်ရုပ်သိမ်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ဝင်ဆွေးနွေးတော့မှာ မဟုတ်ဘူးလို့ ပူးပေါင်းကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အာဏာရ NLD ပါတီအမတ် ဦးအောင်ကြည်ညွှန့်က မဇ္ဈိမကို အတည်ပြုပါတယ်။

ဒီအစီရင်ခံစာအပေါ် ဝင်ဆွေးနွေးကြဖို့ တပ်မတော်သားလွှတ်တော်အမတ် (၇၈)ဦး ကနဦးက အမည်စာရင်းပေးထားပေမယ့် ဒီကနေ့မှာ ပြန်လည် ရုပ်သိမ်းသွားတာပါ။

အစီရင်ခံစာကို တပ်မတော်သားတွေ မဆွေးနွေးတော့မယ့်အပေါ် ဦးအောင်ကြည်ညွှန့်က "အထူးသဘောထားမှတ်ချက်ပေးစရာ မရှိပါဘူး။ အကောင်းမြင်ပါတယ်။ ဘယ်ဟာတွေပြင်မယ်ဆိုတာကို အကြိတ်အနယ် ဆွေးနွေးရမယ့် ကိစ္စလည်း မဟုတ်သေးဘူးလေ" လို့ မဇ္ဈိမကို ပြောပါတယ်။

ဒီအစီရင်ခံစာကို ဆွေးနွေးဖို့ ကနဦးက လွှတ်တော်အမတ် ၁၂၅ဦးက အမည်စာရင်းပေးထားတာကြတာဖြစ်ပြီး တပ်မတော်ဘက်က ပြန်ရုပ်သိမ်းလိုက်တာကြောင့် စုစုပေါင်း လွှတ်တော်အမတ် ၄ရဦးကသာ ဆွေးနွေးကြတော့မှာပဲ ဖြစ်ပါတယ်။

"၄၅ဦး (ပူးပေါင်း)ကော်မတီဟာ တရားမဝင်ဘူးလို့ ကိုယ်တို့က ပြောထားပြီးသားလေ။ တပ်မတော်လည်း ပြောထားတယ်။ ဒါကြောင့် သူထွက်မပြောလိုလို့ နေမှာပေါ့" လို့ အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဦးသောင်းအေးက မှတ်ချက်ပြုပါတယ်။

မနက်ဖြန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတော့ ပူးပေါင်းကော်မတီရဲ့ အစီအရင်ခံစာအပေါ် လွှတ်တော်အမတ် ၂၁ဦးက စတင် ဆွေးနွေးကြတော့မှာပါ။

တပ်မတော်သားလွှတ်တော်အမတ် ဗိုလ်မှူးချုပ်မောင်မောင်ကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ မဇ္ဈိမက ချဉ်းကပ် မေးမြန်းရာမှာတော့ ဒီကိစ္စကို သူ့အနေနဲ့ သိရှိခြင်း မရှိသေးဘူးလို့ တုံ့ပြန်ပါတယ်။

ပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက် အစီရင်ခံစာထဲမှာတော့ အခြေခံဥပဒေထဲက ပုဒ်မတွေအပေါ် ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်၊ မူလအတိုင်းထားရန် ဆိုပြီး အကြံပြုချက်ပေါင်း ၃ရဝဝကျော် ပါဝင်ပါတယ်။

ဒီအစီရင်ခံစာကို လွှတ်တော်မှာ အတည်ပြုပြီးရင်တော့ ပူးပေါင်းကော်မတီ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲတော့မှာ ဖြစ်ပါတယ်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...