ဦးဝီရသူအား ရက် ၃၀ အတွင်း အဖမ်းခံရန် စာကပ်

ဦးဝီရသူအား ရက် ၃၀ အတွင်း အဖမ်းခံရန် စာကပ်

ဖမ်းဝရမ်း အထုတ်ခံထားရသည့် ဆရာတော် ဦးဝီရသူအနေဖြင့် ရက် ၃၀ အတွင်း လာရောက် အဖမ်း ခံရန်အတွက် အကြောင်းကြားစာကို ဇူလိုင်လ ၁ဝရက်၊နံနက်ပိုင်းက ဆရာတော် ဦးဝီရသူ သတင်းသုံး နေထိုင်ခဲ့သည့် ကျောင်းနှင့်သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံတို့တွင် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့နှင့် သာသနာရေးဦးစီးဌာနတို့က လိုက်လံကပ်ခဲ့ကြောင်းသိရသည်။

"မနက် ၉နာရီလောက်မှာကပ်သွားတယ်။မြို႕နယ်ရဲတပ်ဖွဲ့မှူးရယ်၊လဝကရယ်ပါတယ်။အကြောင်းကြားပေးဖို့ မှာသွားတယ်။"ဟု မဟာအောင်မြေမြို့နယ်၊စိန်ပန်းရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်က ပြောသည်။

အဆိုပါအမိန့်ကြေညာစာတွင် ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-(က)နှင့်ငြိစွန်းကြောင်း တရားရုံးမှ စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းကြာင့် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးသို့ သြဂုတ်လ (၉)ရက်နေ့ နောက်ဆုံးထား၍ လာရောက်ရန် ပါရှိကြောင်းသိရသည်။

မေလ ၅ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ပုဒ်မ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဆန္ဒဖော်ထုတ်ပွဲ၌ ဟောပြောခဲ့မှုများနှင့်ပတ်သက်၍ ဆရာတော် ဦးဝီရသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ဆရာတော် ဦးဝီရသူ လွတ်မြောက်ရေး ဆုတောင်းပွဲများကိုလည်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ဦးဆောင်၍ တိုင်းနှှင့်ပြည်တို့ရှိ မြို့အချို့တွင် ပြုလုပ်ခဲ့ကြသေးသည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...