အစိုးရ နှင့် KNU အလွတ်သဘောတွေ့ဆုံ

အစိုးရ နှင့် KNU အလွတ်သဘောတွေ့ဆုံ
ဓာတ်ပုံ - ဦးလှမောင်ရွှေ ဖေ့စဘွတ်
ဓာတ်ပုံ - ဦးလှမောင်ရွှေ ဖေ့စဘွတ်

ရပ်တန့်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စရပ်များနှင့်ပတ်သက်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့ ဖြစ်သည့်ငြိမ်းချမ်းရေး ကော်မရှင် နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့အကြား အလွတ် သဘော ဆွေးနွေးမှုကို ဇူလိုင်လ ၉ ရက်နေ့ က ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ တွဲဖက်အတွင်းရေးမှူး(၁)  စောဆာဘွေက ဦးဆောင်ခဲ့ပြီး  အဖွဲ့ဝင်များအဖြစ် နော်ဒါးဒါး ၊စောအယ်ကလူရွှေဦး ၊ စောနေသဘာလေး၊ မန်းဘထွန်း နှင့် နော်မေဦးတို့ဦးဆောင်လာခဲ့သည်။

ယခင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို KNU မှ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး စသည့် သူများ ကိုယ်တိုင် ဦးဆောင်လာခဲ့သော်လည်း ယခုတစ်ခေါက်တွင်မူ  တွဲဖက်အတွင်းရေးမှူး (၁)  စောဆာဘွေကိုသာ စေလွှတ်ခဲ့ပြီး ၎င်းသည် ဆွေးနွေးပွဲကို ပထမဆုံးဦးဆောင်လာခဲ့ခြင်းလည်း ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်စတင်နိုင်ရန် နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက် ကြားကာလအချိန် အတွင်း၌ နှစ်ဖက်စလုံးက ဆောင်ရွက်ရမည့် ကိစ္စများကို ဆွေးနွေးဖြစ်ခဲ့သည်ဟု အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

“ဝေါဟာရတွေအပေါ်မှာ အငြင်းတွေပွားပြီးတော့ တကယ့်ပြည်သူလူထုအကျိုးရှိမယ့်ကိစ္စတွေ မလုပ်နိုင်ဘူး။ NCA ထိုးတဲ့အဖွဲ့တွေဘက်ကရော ၊ အစိုးရဘက်ကရောပေါ့။ EAOs တွေဘက်ကလည်း ဝေါဟာရအသုံးအနှုန်းတွေနဲ့ ဖွင့်ဆိုချက်တွေ နားလည်မှုတွေတူညီအောင်လုပ်နေမယ်ဆိုရင် ကြာနေမယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ယခုတစ်ခေါက်ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး KNU ဘက်မှ တာဝန်ရှိသူများကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပေ။

တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ မပြေလည်မှုများရှိနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တစ်ဆို့မှုများ ရှိနေသည်ဟု အကြောင်းပြကာ KNU သည် ၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်၍ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင် အစည်းအဝေးများ၌ ပါဝင်ခြင်းကို ယာယီရပ်ဆိုင်းခဲ့သည်။

ယင်းကဲ့သို့ ရပ်နားထားသည့် ရှစ်လတာကာလအတွင်း၌ အစိုးရ နှင့် KNU ကိုယ်စားလှယ်များအကြား အလွတ်သဘော တွေ့ဆုံမှုများ ရှိခဲ့သော်လည်း ပြေလည်မှု မရရှိသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...