ကိုကျော်ဇင်ဝင်းသေဆုံးမှုအတွက် သက်ဆိုင်သူ ၁၄ ဦးကို လူ့အခွင့်အရေးကော်မရှင် စစ်ဆေး

ကိုကျော်ဇင်ဝင်းသေဆုံးမှုအတွက် သက်ဆိုင်သူ ၁၄ ဦးကို လူ့အခွင့်အရေးကော်မရှင် စစ်ဆေး

MIU ကျောင်းဝန်ထမ်း ကိုကျော်ဇင်ဝင်းသေဆုံးမှုအတွက် သက်ဆိုင်သူ ၁၄ ဦးကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က စစ်ဆေးမေးမြန်းခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

“ကျွန်တော်တို့ကတော့ ကျောင်းပိုင်းကလူတွေလည်း စစ်တာပေါ့နော်။ လောလောဆယ်တော့ ကျောင်းပိုင်းကလူကတော့ ၉ ယောက်လောက် စစ်ဆေးမေးမြန်းပြီးပါပြီ။ မိသားစုဘက်ကတော့ ၄ ယောက်စစ်ဆေးပြီးပါပြီ။ အပြင်ကတော့ သူတို့ကုသပေးတဲ့ ဆရာဝန်ပေါ့။ ရပ်ကွက်ထဲက ဆရာဝန်ပေါ့။ အဲ့တာမေးထားပြီးပြီ။ စုစုပေါင်း ၁၄ ယောက်လောက်ရှိတာပေါ့”ဟု ၄င်းက ပြောသည်။

ထိုသို့ ကော်မရှင်က စုံစမ်းမေးမြန်းမှုများကို ပြုလုပ်ခဲ့သည်မှာ သီတင်းပတ်တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကိုကျော်ဇင်ဝင်းသေဆုံးမှုသည် LGBT အဖွဲ့နှင့်MIUကျောင်းကြား ထိလွယ်ရှလွယ်ကိစ္စတစ်ခုဖြစ်သောကြောင့်  အချိန်ယူစစ်ဆေးနေရခြင်းဖြစ်ကြောင်း သိရသည်။

“ကြားရတာကတော့ ဒီကလေးက LGBT ထဲမှာပါတယ်လို့ ကြားရတာပေါ့နော်။ ဒါကြောင့်လည်းပဲ LGBT အသင်းအဖွဲ့တွေက အန်ကယ်တို့ဆီကိုလည်း တိုင်တယ်။ နောက်ပြီးတော့ အဲ့ဒီတက္ကသိုလ်ရှေ့မှာလည်း သွားဆန္ဒပြတာတွေ ရှိတယ်။ သူတို့ စွပ်စွဲသလို LGBT ဖြစ်လို့ ဖိနှိပ်၊ ချုပ်ခြယ် အခွင့်အရေးကို ထိခိုက်ပြီးတော့ ပြောကြလို့ ဖြစ်တာလား။ ဘာကြောင့်လဲ။ ထိခိုက်ပြောဆိုတယ်ဆိုရင်လည်း ဘယ်လောက်ထိတောင်ပြောသလဲ ဒါတွေကို ကြည့်ဖို့လိုတာပေါ့လေ။ အဲ့တာကြောင့်လည်း အသေးစိတ်စဉ်းစားပြီး လုပ်နေတာ။ ဒီဟာက Sensitive ဖြစ်တာပေါ့နော်။ တစ်ဘက်ကလည်း ကျောင်းဖြစ်တယ်။ တစ်ဘက်ကလည်း LGBT အဖွဲ့ဖြစ်တယ်” ဟု ဦးယုလွင်အောင်က ပြောသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးစီးပါက တွေ့ရှိချက်များကို ဇူလိုင်လကုန် သို့မဟုတ်  သြဂုတ်လ လဆန်းပိုင်းတွင် အများပြည်သူသိရှိစေရန် ထုတ်ပြန်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနကိုလည်း အစီရင်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

လိင်စိတ်ကွဲပြားမှုအပေါ် လုပ်ငန်းခွင်အတွင်းခွဲခြားဆက်ဆံခံရပုံများကို ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် သတ်သေသွားသည့် ကိုကျော်ဇင်ဝင်း၏ စျာပနပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ကျီစုသုသန်တွင် ပြုလုပ်ခဲ့ပြီး မိသားစုဝင်များ၊ LGBT အရေးလှုပ်ရှားသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ထို့အပြင် ဇွန်လအတွင်း၌ပင် MIU ကျောင်းရှေ့တွင် ကိုကျော်ဇင်ဝင်းအတွက် တရားမျှတမှု ဖော်ဆောင်ရေး ဟူသည့် လှုပ်ရှားမှုတစ်ခုကို LGBT အသိုင်းအဝိုင်းမှ ဦးဆောင်ပြုလုပ်ခဲ့သေးသည်။

ဓာတ်ပုံ - ဖူးအိအိနွယ်

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...