မတူပီခရိုင်ရုံးနေရာကိစ္စ ပထမဆုံးအကြိမ် ပြည်နယ်ပြင်ပတွင်ဆန္ဒဖော်ထုတ်

မတူပီခရိုင်ရုံးနေရာကိစ္စ ပထမဆုံးအကြိမ် ပြည်နယ်ပြင်ပတွင်ဆန္ဒဖော်ထုတ်

မတူပီခရိုင်ရုံးနေရာကိစ္စကန့်ကွက်ဆန္ဒဖော်ထုတ်မှုများကို အစိုးရအနေဖြင့် အရေးတယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ရန်ကုန်မြို့တွင် စတုတ္ထအကြိမ် မြောက် ထပ်မံဆန္ဒဖော်ထုတ်ကြောင်း သိရသည်။

ယခင်က လက်ရှိအစိုးရသတ်မှတ်သည့် မတူပီမြို့ပေါ်နှင့် ၈ မိုင်ဝန်းကျင်ဝေးသည့် ဖနိုင်နှင့်ငလိုင်ကြားတွင် ခရိုင်ရုံးတည်ဆောက်မည့်အပေါ် ကန့်ကွက်ကြောင်း မတူပီမြို့ပေါ်တွင် သုံးကြိမ်တိုင် ဆန္ဒဖော်ထုတ်ခဲ့သော်လည်း အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ပြည်နယ်ပြင်ပ ရန်ကုန်မြို့ လယ်ဖြစ်သည့် ဗန္ဓုလပန်းခြံ၌ ဇွန်လ (၂၈) ရက်နေ့၌ ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်။

ရန်ကုန်မြို့ပေါ်တွင် ပြုလုပ်မည့် ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဒုဆန်က “ဆန္ဒပြဖို့က မနက်ဖြန်ညနေ သုံးနာရီလောက်မှာ လူအင်အား (၁၅၀)ခန့်နဲ့ ဗန္ဓုလပန်းခြံရှေ့က ရေပန်းရှေ့မှာ အဲဒီမှာဘဲစုပြီးတော့  ဆန္ဒဖော်ထုတ်သွားကြမှာဖြစ်တယ်။ မတူပီမြို့ ခရိုင်ရုံးကို မတူပီစည်ပင်ဧရိယာအတွင်း ဆောက်ပေးဖို့ ဆန္ဒပြခြင်းဖြစ်တယ်။ သုံးကြိမ်ဆန္ဒပြပြီ။ ပြည်နယ်အစိုးရကလည်း တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမျိုးလည်း မရှိဘူူး။ နောက်ပြီး မီဒီယာအားနည်းချက်ကြောင့်လား ဆိုပြီး မီဒီယာပေါများတဲ့ ရန်ကုန်မြို့မှာ ပြန်ပြီးဆန္ဒဖော်ထုတ်ရတာဖြစ်တယ်”ဟုပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် မတူပီခရိုင်ရုံးနေရာကို ရေရှည်အတွက် ကြည့်ပြီး ပညာရှင်များကိုတိုင် ကွင်းဆင်းစစ်ဆေးချက်အရ အမှတ်အများဆုံးရသည့် ဖနိုင်နှင့်ငလိုင်ကြားတွင် တည်ဆောက်ရန်ရွေးချယ်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

မတူပီခရိုင်ရုံးတည်ဆောက်ရန် မြေနေရာကို ပြည်နယ်အစိုးရနှင့် ပညာရှင်များမှ မတူပီမြို့တွင် သုံးနေရာ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မတူပီမြို့နှင့် ရှစ်မိုင်အကွာရှိ ဖနိုင်နှင့် ငလိုင်အကြားတွင် ပညာရှင်များမှ မြေတိုင်းတာပြီးနောက် ရေရှည်ခိုင်ခံ့မှုအတွက်  အမှတ်အများဆုံးရသည့် အကျိုးအကြောင်းကို အသေအချာပြည်သူကို ချပြရန်လိုအပ်ကြောင်း ဦးဒုဆန်ကပြောသည်။

ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်မှုကိုလည်း အစိုးရအနေဖြင့် ဖြေရှင်းမပေးပါက နေပြည်တော်တွင်လည်း ထပ်မံဆန္ဒပြရန်ဆောင်ရွက်သွားမည်ဟု သူကဆက်ပြောသည်။

လက်ရှိအစိုးရသတ်မှတ်ထားသည့် ခရိုင်ရုံးတည်ဆောက်မည့်နေရာသည် မတူပီမြို့မှ စစ်ဗျူဟာကုန်းကို ဖြတ်ပြီးသွားရသည့် နေရာဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့် မကိုက်ညီသကဲ့သို့ ပြည်သူများအတွက်လည်း လုံခြုံမှုမရှိကြောင်း ပြောဆိုသုံးသပ်မှုများရှိနေသလို လက်ရှိအစိုးရသတ်မှတ်သည့်နေရာတွင် တည်ဆောက်ပါက လူအသွားအလာများလာမည်ဖြစ်သဖြင့် လုံခြုံမှုအပိုင်းတွင် ပိုကောင်းလာမည်ဖြစ်ကြောင်း သုံးသပ်သူများလည်းဒေသခံများအကြားတွင်ရှိနေသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...