ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနအသစ်တိုး မတိုး ယခုအပတ်တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်

ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနအသစ်တိုး မတိုး ယခုအပတ်တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်

ချင်းပြည်နယ်အစိုးရအဖွဲ့တွင် လိုအပ်ချက်အရ ဝန်ကြီးဌာနအသစ်တိုး မတိုး ယခုအပတ် ဇွန်လ ၂၇-၂၈ရက်နေ့တွင်ကျင်းပမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“ချင်းပြည်နယ်မှာက ၂၇-၂၈ ရက်နေ့မှ ဆွေးနွေးမှာဆိုတော့ အဲဒီကျမှ သိရမယ်၊ ဘယ်ဝန်ကြီးဌာနတိုးမလဲဆိုတာတော့ မသိရသေးဘူး၊ ဝန်ကြီးဌာန တိုးမတိုးကတော့ ချင်းပြည်နယ်အနေနဲ့ တစ်ကယ်လိုအပ်သလားဆွေးနွေးရမှာပေါ့၊ တစ်ကယ်လို့ ချင်းပြည်နယ်အတွက်လည်းအကျိူးရှိမယ်၊ ချင်းပြည်သူအတွက်လည်းအကျိုးရှိမယ်ဆိုရင် ကြိုဆိုရမှာပေါ့” ဟု မတူပီ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်လျန်းမှ ပြောသည်။

ဇွန်လ ၂၁ရက်နေ့တွင် ကျင်းပခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ကို တိုးချဲ့ဖွဲ့စည်းသွားဖို့ရှိတယ်လို့ အာဏာရပါတီဒီချုပ်ရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “လိုအပ်ချက်အရ ဝန်ကြီးဌာနအသစ်တိုးဖို့ လွှတ်တော်မှာ တင်သွင်းမယ်လို့တော့ကြားတယ်၊ ဘယ်ဝန်ကြီးဌာနလည်းဆိုတာတော့ မသိရသေးဘူး”ဟု ပြောသည်။

ဇွန်လ ၂၁ရက်နေ့တွင် ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မန္တလေး တိုင်းအစိုးရ ဖွဲ့မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်း အား အရင်းအမြစ် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းဖို့ အတည်ပြုခဲ့ပြီး ကရင်ပြည်နယ်တွင် ယနေ့ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးမှာလည်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနသစ်တစ်ခုဖွဲ့စည်းရေးအတွက် အတည်ပြုခဲ့ကြောင်းသိရသည်။

ယခုလက်ရှိတွင် ပြည်နယ်နဲ့ တိုင်းဒေသကြီးများတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန၊ သဘာ၀ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတု္တ နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် လူမှုရေးဝန်ကြီးဌာန များရှိကြောင်းသိရသည်။

လက်ရှိ ချင်းပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နှင့် လူမှုရေးဝန်ကြီး တို့ အသီးသီးရှိကြောင်းသိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...