ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း(၈)မြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ခြင်းကြောင့် အခက်အခဲများစွာရှိ

ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း(၈)မြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ခြင်းကြောင့် အခက်အခဲများစွာရှိ

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း (၈)မြို့နယ်ကို ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဇွန်လ(၂၁)ရက်နေ့မှစ၍ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ရာ ဒေသခံများ၊ ဌာနဆိုင်ရာ နှင့် လူမှုအဖွဲ့အစည်းများတွင် အခက်ခဲများစွာရှိကြောင်းသိရှိရသည်။

ပလက်ဝမြို့နယ်ရှိ ကီမိုလူမှုစောင့်ရှောက်ရေး ဖွံ့ဖြိုးရေးဌာနမှ ဦးဘူးထန်ပိုင်က “အင်တာနက်လိုင်းပိတ်တာ ၂၀ရက်နေ့ ညသန်းခေါင် အချိန်လောက်ကနေစပြီး ပိတ်တာဒီကနေ့ အထိပါဘဲ နောက်ပြီးဘယ်အချိန် ပြန်ရမှာဆိုတာမျိုးလည်း မသိရဘူး ပလက်ဝမှာရှိတဲ့ ပြည်သူတွေက သတင်းတွေဆိုရင်လည်း အင်တာနက်ကိုဘဲ အဓိကမှီခိုရတာဖြစ်တယ် တခြားအီးမေးလ်နဲ့ ရုံးကိစ္စဆက်သွယ်မဲ့ ဟာတွေလည်း အင်တာနက်ကနေ သွားနေတယ်ဆိုတော့ တော်တော်အဆင်မပြေဖြစ်ရတယ် ဒီဖက်မှာ NGO လုပ်ကြတဲ့သူတွေ ဌာနဆိုင်ရာတွေကလည်း အခက်ခဲဖြစ်ကျလိမ့်မယ်”ဟုပြောသည်။

ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲအဖြစ်များသော ဒေသများတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းကြောင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ၊ ဒေသခံပြည်သူများ အခက်ခဲများရှိကြောင်းလည်း ပလက်ဝစစ်ဘေးရှောင် ကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဌ ဦးဝေတန်းကပြောသည်။

စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့အက္ကဌ ဦးဝေတန်းက “ကျွန်တော်တို့တောင် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တဲ့ ပြည်သူတွေရဲ့ သတင်းအချက်လက်တွေ ဖက်ချင်ရင် အွန်လိုင်းကနေ ဖက်ကြရတယ် နောက်ပြီး ရပ်ဝေးဒေသမှာတွေရှိတဲ့ ဆွေမျိုးတွေဆိုရင်လည်း အွန်လိုင်းကနေဘဲ ဆက်သွယ်တယ်ဆိုတော့ အကြာကြီးအင်တာနက်လိုင်းပိတ်ရင်တော့ ခက်ခဲလာနိုင်တယ်”ဟုပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊မြေပုံ၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ အပါအဝင်(၉)မြို့နယ်အား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်တာနက်လိုင်းဆက်သွယ်မှူကို ယာယီဖြတ်တောက် ထားပြီး ဖုန်းပြောဆိုမှုကိုသာ ဖွင့်ထားပေးကြောင်းသိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...