ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုတ်ချခြင်းကို ဇွန် ၂၁ ရက်၊ မွန်းလွဲပိုင်းအချိန်က ရဟန်း၊လူပုဂ္ဂိုလ် ရာဂဏန်းခန့်က ရန်ကုန်မြို့၊ဆူးလေပန်းခြံအရှေ့ရှိ ယာဉ်ရပ်နားကွင်းနေရာတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

" လ.၀. က မှာ စာဆိုလေး ရှိတယ်။ မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုး ပျောက်မယ်။ ဒီဟာက ငါတို့ နိုင်ငံသားတွေ ၊ ငါတို့မြန်မာပြည်သားတွေ လူမျိုခံရမယ့်အနေအထား ဖြစ်တယ်။ အဲဒီတော့ ငါတို့လူမျိုး လူမျိုမခံရအောင် ဒါက လိုကို လိုတယ်။ လုပ်ကိုလုပ်သင့်တဲ့အလုပ်မို့လို့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကို လာတာပါ " ဟု ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ယာယီရပ်ဆိုင်းခြင်းခံထားရသူ ဦးနေမျိုးအောင်ကို ပြောသည်။

လူ ရာနှင့်ချီသည့်ဆန္ဒထုတ်ဖော်ပွဲကို မွန်းလွဲပိုင်း ၂ နာရီခန့်က စတင်ကျင်းပခဲ့ပြီး ဟောပြောမည့်သူများအဖြစ် တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်မော် ၊ စာရေးဆရာ ဦးအောင်ကျော်ဆန်း ၊ ရှေ့နေ ဦးအေးပိုင်တို့က ဟောပြောခဲ့ကြသည်။

" ယနေ့ လွှတ်တော်ကြီးမှာ အတည်ပြုလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းပါ ပုဒ်မအချို့ဟာ ကျွန်မတို့မြန်မာနိုင်ငံတော်ကြီး ကျွန်မတို့မြန်မာနိုင်ငံသားတွေ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတဲ့အတွက် ကန့်ကွက်ပါကြောင်း ဆန္ဒဖော်ထုတ်ဖို့ ပရိသတ်ကြီးနဲ့အတူ ရောက်ရှိနေခြင်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဧည့်ပရိသတ်ကြီးရှင် ကျွန်မတို့ မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ဆိုတာ မရှိပါဘူး ၊ ကလေးသူငယ်ဆိုင်ရာဥပဒေ မရှိဘူး ၊ ရှိတာက Child Law လို့ခေါ်တဲ့ ကလေးသူငယ်ဥပဒေပဲ ရှိပါတယ်။ ဒါဆိုရင် ဒီဥပဒေဟာ ဘာကြောင့်ပေါ်ပေါက်လာရတာလဲ လေးစားရတဲ့ ဧည့်ပရိသတ်ကြီးရှင် ကျွန်မတို့ မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးတွေ ဖောက်ဖျက်ခံနေရပါတယ်။ ကျူးလွန်ခံနေရပါတယ်။ ဥပဒေနဲ့ ကာကွယ်ပေးပါ၊ ဥပဒေနဲ့ စောင့်ရှောက်ပေးပါ ၊ ရေးဆွဲပေးပါလို့ ဘယ်နေရာ ၊ ဘယ်နိုင်ငံ ဘယ်ဒေသမှမှာ တောင်းဆိုတာ မတွေ့ရပါဘူးရှင် " ဟု  တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်မော် က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းကို တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပွဲစီစဉ်သူများထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် “ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ” ပါ ပြဌာန်းချက် အချို့သည် တိုင်းပြည်အတွက် အန္တရာယ်ရှိနိုင်သည်ဟု ယူဆကာ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ နေပြည်တော်တွင် ဇွန်လ ၂၂ရက်၌ ဆန္ဒပြရန် စီစဉ်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...