မေးခွန်းကန့်သတ်မှုနှင့် ကြိုတင်ပေးပို့ခိုင်းမှုကြောင့် ဟားခါးပို့စ်သတင်း ဌာန ပြည်နယ်အစိုးရ သတင်းစာရှင်းလင်းပွဲတက်မည်မဟုတ်

မေးခွန်းကန့်သတ်မှုနှင့် ကြိုတင်ပေးပို့ခိုင်းမှုကြောင့် ဟားခါးပို့စ်သတင်း ဌာန ပြည်နယ်အစိုးရ သတင်းစာရှင်းလင်းပွဲတက်မည်မဟုတ်

၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ပြုလုပ်မည့် ချင်းပြည်နယ်အစိုးရ၏ တတိယ (၁) နှစ်တာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်နှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ တက်ရောက် သတင်းယူမည့် သတင်းဌာနများအနေဖြင့် မီဒီယာတစ်ဖွဲ့အနေဖြင့် မေးခွန်းသုံးခုသာ မေးရန် ခွင့်ပြုထားပြီး မေးခွန်းများကိုကြိုတင်ပေးပို့ခိုင်းမှုကို ကန့်ကွက်သည့်အနေဖြင့် ဟားခါးပိုစ် သတင်းဌာနအနေဖြင့် တက်ရောက် သတင်းယူမည်မဟုတ်ကြောင်း သိရသည်။

"ချင်းပြည်နယ်အစိုးရက သူတို့အလုပ်လုပ်တဲ့အပေါ်မှာ ရှင်းလင်းပွဲလုပ်မယ်ဆိုတာတော့ လက်ခံတယ်၊ ဒါပေမယ့် သူတို့လုပ်တဲ့အချိန်မှာ ဒီကိစ္စက မီဒီယာနှင့် ပါတ်သတ်တာဖြစ်တဲ့အတွက် မီဒီယာကျင့်ဝတ်အတိုင်း ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လတ်လတ် ဖြစ်ဖို့လိုတယ်၊ ဥပမာ မေးခွန်းသုံးခုဘဲ ပေးရမယ်၊ ကြိုပြီးပို့ထားရမယ် ဆိုတာမျိုးက မရှိသင့်တော့ဘူး၊ အရင်တုန်းက အဲလိုလုပ်ခဲ့တာရှိပေမယ့် အခုချိန် သူတို့အနေနဲ့ ပြင်သင့်နေပြီ၊ အခုလို ကန့်သတ်ထားတယ်ဆိုရင်တော့ ကျနော်တို့ ဟားခါးပိုစ်အနေနဲ့တော့ တက်ရောက် သတင်းယူမှာမဟုတ်ဘူး၊ မေးခွန်းလည်း ကြိုပို့စရာမလိုဘူး လွတ်လွတ်လတ်လတ်မေးလို့ရတယ်လို့ ပြောလာမှဘဲ သတင်းယူမယ်" ဟားခါးပိုစ်သတင်းဌာန၏ အယ်ဒီတာချုပ် ကိုပါပွီးမှ ပြောသည်။

ချင်းပြည်နယ်အစိုးအရ၏ သတင်းစာရှင်လင်းပွဲတွင် တက်ရောက်သတင်းယူရန် ဖိတ်ကြားသည့်စာထဲတွင် မီဒီယာ တစ်ဖွဲ့မှ မေးခွန်း သုံးခုသာမေးရန် နှင့် မေးမြန်းလိုသည့် မေးခွန်းအား ၁၇.၆.၂၀၁၉ ရက်နေ့တွင် ကြိုတင်ပေးပို့ရန် စည်းကမ်းထုတ်ထားမှုအပေါ် မီဒီယာသမားများမှ ဝေဖန်လျက်ရှိသည်။

ခေါနုသုန်သတင်းဌာန၏ အယ်ဒီတာ ကိုရောဘတ်မှ "ကျနော်တို့ သိထားသလောက်က မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတွေမှာလည်း ပြည်နယ်အစိုးရအနေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာ မေးခွန်းကန့်သတ်တာတော့ရှိတယ်၊ ဒါပေမယ့် ကြိုတင်ပို့ခိုင်းတာတော့ မရှိဘူး၊ ချင်းပြည်နယ်က ဘာကြောင့် မေးခွန်းကြိုပို့ခိုင်းတာလည်းဆိုတာ စဉ်းစားရခက်တယ်ပေါ့၊ ဒါကမလုပ်သင့်တဲ့အရာပေါ့၊ မီဒီယာရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသလိုဖြစ်နေတယ်၊ ဒါကသတင်းစာရှင်းလင်းပွဲလုပ်နေတာဖြစ်တယ်၊ လွှတ်တော်အစီးအဝေးလုပ်နေတာမဟုတ်ဘူး၊ ဒါကြောင့် ဒီလိုမျိုး မေးခွန်းကြိုပို့ခိုင်းတာတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်" ဟု သူ၏အမြင်ကိုပြောသည်။

ချင်းပြည်နယ်အစိုးရအစိုးရ၏ တစ်နှစ်တာလုပ်ဆောင်ချက်အပေါ် သတင်းစာရှင်းလင်းပွဲလုပ်ဆောင်လာရာတွင် ယခုတစ်ချိန်အပါအဝင် သုံးကြိမ်မြောက်ရှိလာပြီး သုံးကြိမ်လုံးတွင် မေးခွန်းကြိုတင်ပို့ရန်နှင့် ကန့်သတ်မှု လုပ်ထားပြီး အခြားပြည်နယ်နဲ့တိုင်းများတွင် မေးခွန်းကြိုတင်ပို့ခိုင်းမှု မရှိကြောင်း သိရသည်။

မြန်မာပြည်တောင်ပိုင်း သတင်းမီဒီယာကွန်ယက် ဦးဆောင်သူဟောင်း ကိုကျော်စိုးမှ "မွန်နဲ့ကရင်မှာတော့ မေးခွန်းကြိုပေးရတာတော့ မရှိဘူး။ သတင်းသမားတွေများနေလို့ မေးခွန်းမမေးလိုက်ရဖြစ်သွားမှာမို့လို့ တစ်ယောက် ၃ ခုနှုန်းခွဲတမ်းတော့ပေးတယ်။ တကယ်လို့ တခြားသူတွေမေးစရာ မရှိတော့ဘူးဆိုရင် ဆက်မေးလို့တော့ရတယ်။ဒါက ပြီးခဲ့တဲ့နှစ်ကပါ။ အခုနှစ်တော့မသိဘူး"ဟု ပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...