(၅) ရက်ခန့်ကြာ ပျောက်ဆုံးနေပြီဖြစ်သည့် သံတောင်ရွာသား၏ သတင်းအစအနမရသေး

(၅) ရက်ခန့်ကြာ ပျောက်ဆုံးနေပြီဖြစ်သည့် သံတောင်ရွာသား၏ သတင်းအစအနမရသေး
Khumi Media
Khumi Media

ရခိုင်ပြည်နယ် မြောက်ဦးမြို့မဈေးမှ ရွာသို့ပြန်လာသည့် ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာသား ဦးကျော်အေးမှာ (၅) ရက်ကြာပျောက် ဆုံးနေပြီဖြစ်ပြီး ယနေ့အထိ သတင်းအစအနမ ရသေးကြောင်း ပျောက်ဆုံးသူ၏ သမက်ဖြစ်သူ ဦးမောင်မောင်ဦးကပြောသည်။

ဦးကျော်အေးသည် ၁၃.၆.၂၀၁၉ ကြာသပတေးနေ့တွင် ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့ဈေးသို့သွားရောက်ခဲ့ပြီး ၁၄. ၆.၂၀၁၉ သောကြာနေ့ မနက် ၈နာရီတွင် မြောက်ဦးမြို့နယ် ဆင်အိုးရွာမှ သံတောင်ရွာဖက် ပြန်လာခဲ့သော်လည်း ယနေ့အချိန်ထိ အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ဆင်းအိုးရွာမှ သံတောင်ရွာအကြားသည် စက်လှေဖြင့် ၆နာရီ အကြာသွားရသည့် ခရီးဖြစ်သော်လည်း ယနေ့အချိန်ထိ အိမ်ပြန်မရောက်သေးသည့် အတွက် မိသားစုဝင်များ စိုးရိမ်ပူပန်နေရကြောင်း သားမက်ဖြစ်သူကပြောသည်။

ပျောက်ဆုံးသွားသည့် ဦးကျော်အေး၏ သမက်ဦးမောင်မောင်ဦးက “ကျွန်တော်တို့လည်းလိုက်ရှာတယ် သတင်းအစအန ဘာမှမရဘူး သဲလွန်စလည်း ဘာမှမရဘူး။ အခုပျောက်သွားတဲ့ လူကလည်း မုန့်ပဲသရေစာတွေ လှေနဲ့ တင်လာတယ်ဆိုတော့ အစအ နလေးတွေဖြစ်ဖြစ်၊ လှေမြှုပ်သွားတယ်ဆိုရင်တောင် လှေဘဲဖြစ်ဖြစ်၊ အလောင်းဘဲဖြစ်ဖြစ် တွေ့ရမှာ အခုဟာက ဘာမှလည်းမတွေ့ရဘူး ”ဟုပြောသည်။

ပျောက်ဆုံးနေသည့် ဦးကျော်အေးကို ရခိုင်ပြည်နယ် ဆင်စွယ်ကျိုးရွာ အထက်တွင် အင်အား (၅၀)ခန့်ရှိသည့် ရက္ခိုင့်တပ်မတော် AA အဖွဲ့များမှ ဖမ်းဆီးထားကြောင်း အတည်မပြုနိုင်သေးသော သတင်းတစ်ခုအရ သိရသည်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...