ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုလုံးဝမရှိသည့် ကျောင်းပေါင်း ၂၂ကျောင်းရှိ

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုလုံးဝမရှိသည့် ကျောင်းပေါင်း ၂၂ကျောင်းရှိ

၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုရာတွင် အောင်မြင်မှုလုံးဝမရှိသည့် ကျောင်းပေါင်း ၂၂ကျောင်းရှိပြီး အဆိုပါကျောင်းများတွင် ဖြေဆိုခဲ့သည့် ဦးရေမှာ ၄၀၈ဦး ရှိကြောင်း ပြည်နယ်ပညာရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

“အောင်စာရင်းထွက်ကတည်းက နေပြည်တော်ရောက်နေလို့ အတိအကျတော့ မသိဘူး၊ ကျီခါးက ကျောင်းဆိုရင် ငါးနှစ်ဆက်တိုက် အောင်မြင်တဲ့သူမရှိတာကနေ ဒီနှစ်တော့ ဘဲဥကွဲလာတယ်၊ အောင်ချက်လုံးဝမရှိတဲ့ကျောင်းတွေလည်း ရှိတာပေါ့လေ၊ တစ်ချို့ကျတော့ အရင်နှစ်က အောင်ချက်မရှိပေမယ့် ဒီနှစ် အောင်လာတဲ့ ကျောင်းတွေလည်းရှိပါတယ်”ဟု ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူးမှပြောသည်။

ချင်းပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့သည့် ကျောင်းပေါင်း ၁၀၇ ကျောင်း တွင် ၁၀၇၇၁ ဦး ဖြေဆိုသည့်ထဲတွင် ၂၁၁၀ ဦးအောင်မြင်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၉.၅၉ ရာခိုင်နှုန်းရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်အနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။

မြို့နယ်အလိုက် တက္ကသိုလ်ဝင်တန်း အောင်ချက်အများဆုံးရရှိသည့် မြို့နယ်မှာ ၂၉.၄၃ရာခိုင်နှုန်းဖြင့် ဖလမ်းမြို့နယ်မှ အများဆုံးရရှိပြီး အနည်းဆုံးရရှိသည့်မြို့နယ်မှာ ၆.၈၄ရာခိုင်းနှုန်းဖြင့် ပလက်ဝမြို့နယ်မှရရှိသည်။

ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်း နှစ်အလိုက် အောင်ချက်ရာခိုင်နှုန်းမှာ ၂၀၁၅ခုနှစ်တွင် ၁၇.၈၅ရာခိုင်နှုန်း ၂၀၁၆ခုနှစ်တွင် ၁၄.၃၆ရာခိုင်နှုန်း၊ ၂၀၁၇ခုနှစ်တွင် ၁၉.၀၄ရာခိုင်နှုန်း၊ ၂၀၁၈ခုနှစ်တွင် ၁၆.၆၄ရာခိုင်နှုန်း အသီသီးရရှိသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...