ချင်းပြည်နယ် အစိုးရမှ ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့စစ်ဘေးရှောင်များ စားနပ်ရိက္ခာအတွက် ပြည်ထောင်စုတွင် တောင်းခံစာပေးပို့ထားဟုဆို

ချင်းပြည်နယ် အစိုးရမှ ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့စစ်ဘေးရှောင်များ စားနပ်ရိက္ခာအတွက် ပြည်ထောင်စုတွင် တောင်းခံစာပေးပို့ထားဟုဆို

ပလက်ဝမြို့ပေါ်တွင် ပြောင်းရွှေ့လာသောစစ်ဘေးရှောင် ပြည်သူများအတွက် ချင်းပြည်နယ် အစိုးရအနေဖြင့် လိုအပ်သော စားနပ်ရိက္ခာများကို ပြည်ထောင်စုအစိုးရထံသို့ တောင်းခံစာ ပေးပို့ထားကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပြည်နယ်အစိုးရ အနေနဲ့တော့ တလောကလှူထားတဲ့ ဆန်အိတ်ငါးရာရှိတယ် အဲဒါကို လောလောဆယ် ထုပ်ပြီးတော့ ကျွေးမွေးတာတွေ လုပ်ထားတယ်။ ပြည်ထောင်စုအနေနဲ့ သက်ဆိုင်ရာဌာနကနေပြီးတော့ ထောက်ပံ့ပေးတာလေးတွေရှိတယ် ဆန်၊ဆီ၊ဆား၊ပဲတွေ အဲတာတွေကို လောလောဆယ်ရရှိဖို့ ပြည်နယ်အစိုးရ အနေနဲ့တော့ စာတင်ထားတယ်”ဟုပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် လတ်တလော လှူထားသော ဆန်အိတ်ငါးရာ၊ အဝတ်အထည်၊ ဆောင်နှင့် ကလေးအသုံးဆောင် ပစ္စည်းများကို ပို့ထားပြီး၎င်းတို့ကို မြန်မြန်ထုတ်ပေးရန်လည်း ပလက်ဝအုပ်ချုပ်ရေးမှူးကို မှာထားကြောင်းနှင့် ချင်းပြည်နယ်တွင် သဘာဝဘေးဒဏ် ကြုံတွေ့စဉ်က ရရှိထားသော လက်ကျန်ပစ္စည်းများကိုလည်း နောက်ထပ်ပို့ပေးရန် စီစဉ်လျှက်ရှိကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများပြင်းထန်ခဲ့ပြီးနောက် တကျော့ပြန် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း စစ်ပွဲများ ပြန်လည်အရှိန်မြင့်လာသည့် အတွက်ကျေးရွာနေပြည်သူများ ၎င်းတို့၏ရွာများကိုစွန့်ကာ ပလက်ဝမြို့ပေါ်အထိ တိမ်းရှောင်ထွက်ပြေးနေရသည်။

ပလက်ဝမြို့ပေါ်တွင် ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းအထိ မြို့ပေါ်သို့ ပြောင်းရွှေ့စစ်ဘေးတိမ်း ရှောင်လာသူ အိမ်ထောင်စု ၁၄၃ ရှိပြီး လူဦးရေ ၇၂၂ ဦးရှိကြောင်း ပလက်ဝစစ်ဘေးရှောင် ကယ်ဆယ်ရေးအဖွဲ့၏ စားရင်းအရသိရှိရသည်။

ပြီးခဲ့သော ဇွန်လသုံးရက်နေ့ ကလည်း ပလက်ဝမြို့ပေါ်နှင့် ဆယ်မိုင်ဝန်းကျင်သာကွာသည့် နေရာတွင် ရက္ခိုင့်တပ်မတော်မှ ဒေသခံများ၏ ဆန်အိတ် ၁၀၀ ကျော်ကို ကြားဖြတ်လုယူမှုဖြစ်ပွားခဲ့သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...