စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ မော်လိုက် အကျဉ်းထောင်တွင် ခရီးအဝေးမှမိသားစုများ ထောင်ဝင်စာလာတွေ့ချိန်တွင် အခမဲ့တည်းခိုနိုင်ရန် အကျဉ်းထောင်အနီးတွင် အကျဉ်းသားမိသားစုဝန်ဆောင်မှု တည်းခိုဆောင်ကို ဖွင့်လှစ်လိုက်ကြောင်း ကူကီးခရစ်ယာန်အဖွဲ့ချပ်မှ Dr. Neh Kho Lalကပြောသည်။
Dr.Neh Kho Lalက “အကျဉ်းသားတွေရဲ့ မိသားစုတွေ ထောင်ဝင်စာလာတွေ့တဲ့ အခါ တည်းမယ့် နေရာကလည်းမရှိဘူး။ အဲလိုနယ်အဝေးက သူတွေအတွက် အဓိကထားပြီး ဖွင့်လှစ်တာဖြစ်တယ်။ နောက်ပြီး လူမျိုးဘာသာမရွေးလာရောက် ပြီး အခမဲ့တည်းခိုနိုင်ပါတယ်”ဟုပြောသည်။
အချို့ထောင်ဝင်စာလာတွေ့သော အချို့မိသားစုများမှာ အရမ်းခက်ခဲကြပြီး အပြန်စရိတ်မရှိ သူများလည်းရှိပြီး ထိုသူများအတွက် အပြန်စရိတ်များကိုလည်း ကူညီပေးရကြောင်း နှင့် ဤသို့အကျဉ်းသားမိသားစုဝန်ဆောင်မှုဆောင်ကိုလည်း ၂၀၁၇ခုနှစ်မှစပြီး သွပ်မိုး၊ ပျဉ်ခင်းအိမ်ကလေးဖြင့်စတင်ခဲ့ကြောင်း ကူကီးခရစ်ယာန်အဖွဲ့ချုပ်မှ Dr.Neh Kho Nalကပြောသည်။
Dr. Neh Kho Lal က “ထောင်ဝင်စာလာတွေ့တဲ့ အချိန်မှာခက်ခဲ့တဲ့သူတွေ တည်းရောက်တည်းခိုဖို့ပါပဲ။ ဒီမှာလူမျိုး၊ ဘာသာမရွေး လာရောက်တည်းခိုလို့ရတယ် အနီးနားမှာလည်း စားသောက်ဆိုင်တွေမရှိတဲ့ အခါကျတော့ လာတည်းတဲ့အခါမှာ ကျွေးရတယ်။ ဒီမှာရှိတဲ့ အသင်းအုပ်ဆရာတစ်ပါးသူမိသားစုက ချက်ပြုတ်ကျွေးမွေးတယ်။ တချို့လူတွေဆိုရင် အရမ်းခက်ခဲကြတယ်။ အပြန်စရိတ်တောင်မရှိကြဘူး တခါတစ်လေကျရင် ကျွန်တော်တို့ကတောင် ပေးလိုက်ရတာမျိုးတွေလည်းရှိတယ်၊ ဒီလို အများအကျိုးဆောင်တဲ့ အလုပ်ကိုလည်း ၂၀၁၇ခုနှစ်က စတင်တယ် အဲဒီတုန်းက ဘာမှမရှိဘူး သွပ်မိုး၊ပျဉ်ခင်းထားတဲ့ အဆောင်လေးဖြစ်တယ်”ဟုပြောသည်။
အကျဉ်းသားမိသားစု ဝန်ဆောင်မှုအဆောင်ကိုလည်း ယခုနှစ်အတွင်း ကွန်ကရစ်တိုက်နှင့် ပေ၄၀၊ ပေ၃၀ ရှိသောအဆောက်အဦး နှစ်ထပ်ဆောင်ကို တည်ဆောက်ခဲ့ပြီး အဆိုပါ အဆောက်အဦး တစ်ခုတွင် အိပ်ခန်းလေးခန်းပါရှိပြီး မီးဖိုချောင်၊ ဧည့်ခန်းများလည်း ပါရှိကြောင်းသိရှိရသည်။
Dr. Neh Kho Nal က “အစကတော့ မယ်မယ်ရရ ဘာမှမရှိဘူး။ ဒီအဆင့်ထိတောင် ရောက်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး။ ဒီနှစ်မှာ ကွန်ကရစ်တိုက်နဲ့ အဆောင်သစ်နှစ်ဆောင် တည်ဆောက်နိုင်ခဲ့ပြီ”ဟုပြောသည်။
အကျဉ်းသားမိသားစု ဝန်ဆောင်မှုအဆောင်ကို တည်ဆောက်ဖွင့်လှစ်နိုင်ရန် ကူကီးနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်နှင့် မြန်မာမျော်လင့်ခြင်းမစ်ရှင် မှပူးပေါင်းပြီး အဓိကဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မော်လိုက်အကျဉ်းထောင်တွင် အကျဉ်းကျသူပေါင်း ၂၀၀၀ ကျော်ရှိပြီး အဆိုပါအကျဉ်းထောင်သည် ကလေးမြို့နှင့် တမူးမြို့ကြားတွင် ရှိသည့်အကျဉ်းထောင်ဖြစ်သည်။







