Published
Saturday, May 18, 2019
ချင်းပါတီသုံးခု ပူးပေါင်းဖွဲ့စည်းထားသည့် CNLD အား ရွေးကောက်ပွဲကော်မရှင်မှ ဖွဲ့စည်းခွင့်ပြု
ချင်းပါတီသုံးခုဖြစ်သည့် ချင်းတိုးတက်ရေးပါတီ (CPP)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) တို့ ပူပေါင်းဖွဲ့စည်းထားသည့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ဖွဲ့စည်းခွင့် လျှောက်ထားခြင်းကို မေလ ၁၇ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းပါတီဖွဲ့စည်းခွင့်လျှောက်ထားရာတွင် အချိန် ၈လခန့် စောင့်ဆိုင်းခဲ့ရပါသည်။ဖွဲ့စည်းခွင့်ပြုကြောင်းခွင့်ပြုရာတွင် ရက်သုံးဆယ်အတွင်း ပါတီမှတ်ပုံတင်ခွင့်တင်သွင်းရမည်ဖြစ်ကြောင်း အကြောင်းကြားစာထဲတွင် ထည့်သွင်းရေးသားထားသည်။









