မတူပီမြို့တွင်ဖြစ်ပွားခဲ့သည့် တပ်မတော်သားများမှ လျှပ်စစ်ဝန်ထမ်းတစ်ဦးကိုရိုက်နှက်မှုအား ချင်းထုံးစံအရ နွားနောက်တစ်ကောင်နှင့် ဝတ်တစ်ကောင်ဖြင့်ကြေအေးလိုက်ကြောင်းသိရ

မတူပီမြို့တွင်ဖြစ်ပွားခဲ့သည့် တပ်မတော်သားများမှ လျှပ်စစ်ဝန်ထမ်းတစ်ဦးကိုရိုက်နှက်မှုအား ချင်းထုံးစံအရ နွားနောက်တစ်ကောင်နှင့် ဝတ်တစ်ကောင်ဖြင့်ကြေအေးလိုက်ကြောင်းသိရ

၂၀၁၉ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးအား တပ်မတော်သားများမှ ရိုက်နှက်သည့်အမှုကို ချင်းထုံးစံအရ နွားနောက်တစ်ကောက်နှင့် ဝတ်တစ်ကောင်ဖြင့် ကြေအေးလိုက်ကြောင်း ရိုက်နှက်ခံရသူကိုဘွေဟားထံမှသိရသည်။

“ကျနော်တို့ပြေလည်သွားပါပြီ၊ မနေ့က ငါးနာရီကနေ ခြောက်နာရီကြားမှာ ညှိနှိုင်းပြီးတော့ ပြေလည်သွားတယ်၊ ချင်းထုံးတမ်းစဉ်လာအရ သူတို့က နွားနောက်တစ်ကောင်နဲ့ဝက်တစ်ကောင်ပေးမယ်၊ ညှိနှိုင်းတဲ့အချိန်မှာလည်း ကျနော့်ကိုရိုက်တုန်းကပါခဲ့တဲ့သူတွေလည်းလာတယ်၊ ဗျူဟာမှူးလည်းလာတယ်၊ ပါစတာတွေလည်းပါတယ်”ဟု အရိုက်ခံရသူ ကိုဘွေဟားမှပြောသည်။

ဖြစ်စဉ်မှာ ဘုံတလာရေအားလျှပ်စစ်စက်ရုံတွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်သော Salai Boi Ha သည် ၂၀.၄.၂၀၁၉ရက်တွင် ရေအားနည်းလွန်းသဖြင့် စစ်တပ် ခလရ(၁၄၀) တပ်ရင်းဘက်ပေးနေသော လျှပ်စစ်မီးကို ခဏပိတ်ပေးခဲ့ရာမှ စစ်သား (၆)ဦးတို့သည် အသင့်ယူဆောင်လာသော ကျွန်းသား (ကျွန်းသစ်ပျဉ်) ထင်းချောင်းကို ကိုယ်စီကိုင်လာကြပြီး လျှပ်စစ်ဝန်ထမ်းတန်းလျားသို့ အရပ်ဝတ်ဖြင့်ဝင်လာကြကာ “ဘာဖြစ်လို့မီးပိတ်သလဲ”ဆိုကာ ဝိုင်းရိုက်နှက်ကြသဖြင့် ကိုဘွေဟားမှာ ဦးခေါင်းတစ်နေရာကွဲပြဲ၊ ဘယ်ဘက်လက်ညိုးတစ်ချောင်းကျိုးသွားကြောင်း၊ ဘယ်ဘက်လက် သံချောင်းနဲ့ ရိုက်ခံရသည့်နေရာတွင် ပေါက်ပြဲသွားကြောင်း၊ အဆိုပါဒဏ်ရာများကြောင့် သွေးထွက်လွန်မှုဖြစ်ခဲ့ပြီး မူးဝေနေသဖြင့် ရိုက်နှက်သူများမှ စစ်ဆေးရုံ ခလရ(၁၄၀)တပ်ရင်း စစ်ဆေးရုံးသို့ပို့ခဲ့ကြောင်းသိရသည်။

တပ်မတော်သားများမှ ကိုဘွေဟားအားရိုက်နှက်မှုကို ကြေအေးပေးလိုက်ခြင်းနှင့်ပါတ်သတ်ပြီး Chin Huaman Right Organization မှ Field Director Salai Terah က “ကြေအေးပေးလိုက်တာကတော့ ကာယကံရှင်ဘက်က ကြေအေးလိုက်တာဆိုတော့ဘာမှမပြောလိုဘူး၊ ဒါပေမယ့် လူ့အခွင့်အရေး ရှုဒေါင့်ကနေကြည့်ရင် ခွင့်လွှတ်စရာအကြောင်းမရှိဘူးလို့မြင်တယ်၊ အဲလိုမျိုးနောက်ထပ် မဖြစ်ဖို့ သူတို့အနေနဲ့ သတိထားဖို့လိုတယ်၊ ဥပဒေဘက်တော်သားဖြစ်တဲ့သူက အင်အားနည်းတဲ့သူကို အင်အားများတဲ့သူက အင်အားသုံးပြီးအနိုင်ယူတာတော့မဖြစ်သင့်ဘူးထင်တယ်၊ ပြီးတော့ဒီလိုမျိုးဖြစ်တဲ့ကိစ္စက ချင်းထုံးစံနဲ့ မဟုတ်ဘဲနဲ့ ဥပဒေအတိုင်းဘဲသွားစေချင်တယ်၊ လူသတ်တဲ့အဆင့်တွေကို ချင်းအချင်းချင်းကြားမှာတောင် ချင်းထုံးစံအရပြေလာတာမျိုး မရှိသင့်တော့ဘူး၊ ခုက အဖွဲ့အစည်းတစ်ခုနဲ့ဖြစ်တော့ပိုဆိုးတယ်၊ ကြေအေးလိုက်ခြင်းအားဖြင့် နောက်ပိုင်းမှာ အကျင့်ပါလာမှာကိုဆိုးရိမ်မိတယ်”ဟု ပြောသည်။

အဆိုပါရိုက်နှက်မှုတွင် ကျူးလွန်သူများမှာ ခလရ(၁၄၀)မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ကျော်၏လက်အောက်ခံမှ စစ်သားများဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူစစ်သားများကို စစ်ဗျူဟာတပ်ရှိ အချုပ်ထဲတွင် ချုပ်နှောင်ထားကြောင်း ဆလိုင်းဘွေဟား၏ပြောကြားချက်ကို CHRO ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...