နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကမ္ဘောဒီးယားသို့ ဧပြီ ၂၉ ရက်မှ မေ ၁ ရက်အထိ သွားရောက်လည်ပတ်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကမ္ဘောဒီးယားသို့ ဧပြီ ၂၉ ရက်မှ မေ ၁ ရက်အထိ သွားရောက်လည်ပတ်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဧပြီ ၂၉ ရက်ကနေ မေလ ၁ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင်အလည်အပတ်ခရီး ရောက်ရှိမှာဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တရုတ်နိုင်ငံမှာ ရောက်ရှိနေလျက်ရှိပြီး ပေကျင်းမြို့မှာကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် တက်ရောက်လျက် ရှိပါတယ်။

ကမ္ဘောဒီးယားခရီးစဉ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ၂၀၁၆ NLD အစိုးရ အာဏာရပြီးနောက်ပိုင်း ကမ္ဘောဒီးယားကို ပထမဆုံး လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်လာဖို့ ရှိနေပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘောဒီးယား ဘုရင် နိုရိုဒွန် စီဟာမိုနီ နှင့် ဘုရင့်မယ်တော် နိုရိုဒွန် မိုနီနိသ် နဲဲ့ တော်ဝင်နန်းတော်မှာ သီးခြားစီ တွေ့ဆုံဂါရဝ ပြုမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် သူမဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆမ်ဒက် တဲ့ချို ဟွန်ဆင် နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်သလို ဆိနိတ် ဥက္ကဌ ဆမ်ဒက် ဆေး ချဟမ် နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဆမ်ဒက် ဟုန် ဆမ်မရင်တို့နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပါ ခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်မှုကို တိုးပွားစေပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်သွားနိုင်မှာဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယင်း ကမ္ဘောဒီယားခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘာ့ အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ အန်ကောဝပ် ဘုရားကျောင်းဥယျာဉ်ကိုလည်း သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။

April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...