အမေရိကန်ဒေါ်လာသန်း ၅ဝဝ ဝန်းကျင်ရှိ ပရောဂျက်တစ်ခုကို ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် 2019 တွင် MOU ရေးထိုးမည်

အမေရိကန်ဒေါ်လာသန်း ၅ဝဝ ဝန်းကျင်ရှိ ပရောဂျက်တစ်ခုကို ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် 2019 တွင် MOU ရေးထိုးမည်

အမေရိကန်ဒေါ်လာသန်း ၅ဝဝ ဝန်းကျင်ရှိသော ပရောဂျက်တစ်ခုကို ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် 2019 တွင် MOU လက်မှတ် ရေးထိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဥၨာမျိုးက ပြောသည်။

"ဒီနှစ် 2019 Investment Forum မှာ Investment တွေအတွက် ဒေါ်လာသန်းရာနဲ့ ချီတဲ့၊ လေးငါး ခြောက်ရာ လောက်ရှိတဲ့ ပရောဂျက်ကြီးတစ်ခုကို MOU ထိုးဖို့ အစီအစဉ်လည်း ရှိပါတယ်။ ဒါပြီးခဲ့တဲ့ Investment Forum မှာ ကျွန်မတို့ လုပ်ဆောင်ခဲ့တဲ့ အကျိုးကျေးဇူးတစ်ခု ဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်မတို့ ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တာကြောင့် ဒီစီးပွားရေးမြို့တော်မှာ ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေသည် နိုင်ငံတော်အတွက် အင်မတန်မှ အရေးကြီးပါတယ်" ဟု ၄င်းက ပြောသည်။

Yangon Investment Forum 2019 အတွက် သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဆရာစံပလာဇာတွင် ပြုလုပ်ခဲ့ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဥၨာမျိုးက ပြောခဲ့ခြင်းဖြစ်သည်။

"နောက်တစ်ခုက ကျွန်မတို့ ပြည်သူလူထုတွေအတွက် Job Creation တွေ ဘယ်လောက်ထိလုပ်ဆောင်နေလဲ။ လက်ရှိရှိပြီးသား  Investment တွေအတွက်ရော၊ နောင်လာမယ့် Investment တွေအတွက်ရော ကျွန်မတို့က ဒီလို Forum တွေ လုပ်ခြင်းအားဖြင့် ပိုမိုပြီးတော့ လက်ရှိထက် ပိုမို အရှိန်အဟုန်ကောင်းလာအောင်၊ နောက် ထပ်အသစ်တွေလည်း ထပ်ဝင်လာပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဒီရည်ရွယ်ချက်တွေနဲ့ ဒီ Investment Forum ကို လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်" ဟု ၄င်းက ပြောသည်။

၂ဝ၁၈ ခုနှစ်က ရန်ကုန်တိုင်း၊ စည်ပင်သာယာဧရိယာပြင်ပမြို့နယ် ၁၂ မြို့နယ်မှ ၁၁ မြို့နယ်တွင် ဧက တစ်ထောင်ပရောဂျက်များ အကောင်အထည်ဖော်ထားခဲ့ပြီး ၄င်းဧကတစ်ထောင်ပရောဂျက်ထဲမှ  ထန်းတစ် ပင်မြို့နယ်ရှိ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်ထိုင်ဝမ်Group တစ်ခုနှင့် MOU လက်မှတ်ရေးထိုး သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Investment Forum 2019 ကို  မေလ ၁ဝ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး  ဒေါ်လာသန်း ၅ဝဝ ဝန်းကျင်ရှိ ပရောဂျက်အတွက် MOU လက်မှတ်ရေးထိုးမှုကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

Yangon Investment Forum 2019 တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် အစိုးရစက်ရုံ၊ အလုပ်ရုံများ ဖြစ်သော အထည်ချုပ်လုပ်ငန်းများ၊ Hotel Tourism ပိုင်း၊ Digital Economy ပိုင်း အစရှိသည့် စက်မှုဇုန်များ တွင် ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှပ်နှံစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...