မတူပီမြို့တွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို တခမ်းတနားမုဒ်ဦးများဆောက်ပြီး ကြိုဆိုရန် ဒေသခံများဆီမှ ငွေကြေးကောက်ခြင်းအပေါ် ဒေသခံအချို့သဘောမတူ

မတူပီမြို့တွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို တခမ်းတနားမုဒ်ဦးများဆောက်ပြီး ကြိုဆိုရန် ဒေသခံများဆီမှ ငွေကြေးကောက်ခြင်းအပေါ် ဒေသခံအချို့သဘောမတူ

နိုင်င်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်ခရီးစဉ်တွင် မတူပီမြို့မှ မုဒ်ဦးများဖြင့် တခမ်းတနား ကြိုဆိုရန် မတူပီကြိုဆိုရေးကော်မတီမှ ငွေကြေးကောက်ခံခြင်းအပေါ် ဒေသခံအချို့ သဘောမတူကြကြောင်း ငလားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစလောင်းကပြောသည်။

ငလားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစလောင်းက “နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာတဲ့အချိန် ကြိုဆိုဖို့ကို မုဒ်ဦးတွေနဲ့ တခမ်းတနား ကြိုဆိုဖို့လုပ်နေကြတယ်။ အဲဒီလို မုဒ်ဦးတွေဆောက်ဖို့ လိုအပ်တဲ့ ငွေကြေးကို ပြည်သူဆီကနေ ကောက်ခံကြဖို့ လုပ်တယ်။အဲဒီလို ကောက်စရာမလိုဘူး လို့ကျွန်တော်ထင်တယ် လူအင်အားနဲ့ သွားကြိုဆိုရင်လည်း အဆင်ပြေတာဘဲ သူလာတဲ့အချိန် ကြိုဆိုတာက ကြိုဆိုရမှာဘဲလေ ဒါပေမဲ့ တခမ်းတနားကြိုဆိုဖို့မလိုဘူး။ အဲဒီလိုကောက်ခံမယ် လုပ်လိုက်မှ ဒေသခံပြည်သူ အချို့ကသိပ်သဘောမကျကြဘူး”ဟုပြောသည်။

ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူကို မတူပီမြို့ထဲရှိ ဟားခါးနှင့် မင်းတပ်လမ်းဆုံမှ မုဒ်ဦးတည်ဆောက်ပြီး တခမ်းတနား ကြိုဆိုရန် လိုအပ်သော ငွေကြေးများကို ယနေ့မှစတင်ပြီး မနက်ဖြန်အထိ ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဦးစလောင်းက “သူ့လုပ်ငန်းနဲ့သူ လာတယ်ဆိုတော့ ကျွန်တော်တို့ဖက်က ကြိုဆိုဖို့က ကိုယ့်ရဲ့အစိုးရဘဲ ဒါတော့ကြိုဆိုကြပြီးသား ဒုသမ္မတလာတာနဲ့ လူထုဆီကနေပိုက်ဆံကောက်ဖို့ လောက်ထိ တခမ်းတနားလုပ်တာတော့ ကျွန်တော်လည်းသဘောမတူဘူး ပြည်သူက ကိုယ့်အစိုးရဘဲ လာရင်ကြိုဆိုဖို့ စိတ်ပါပြီးသားပါ”ဟုပြောသည်။

နိုင်ငံတော်ဒုသမ္မတသည် စနေနေ့ညနေပိုင်းတွင် မတူပီမြို့တွင်ရောက်ရှိမည်ဖြစ်သည်။ နိုင်ငံတော်ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူ၏ ချင်းပြည်နယ်ခရီးစဉ်တွင် ကန်ပလက်၊ မင်းတပ်၊ မတူပီ၊ ဟားခါး၊ ထန်တလန် ဖြင့်သောမြို့ငါးမြို့သို့ သွားရောက်မည်ဖြစ်ပြီး ကန်ပလက်၊ မင်းတပ်၊ မတူပီမြို့တို့ကို ဒုသမ္မတတာဝန်ယူချိန်တွင် ဒုတိယအကြိမ်လာရောက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...