အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သည့်ရောဂါများအတွက် ရန်ကုန်ဆေးရုံကြီးတွင် အကောင်းဆုံးပြင်ဆင်ထား

အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သည့်ရောဂါများအတွက် ရန်ကုန်ဆေးရုံကြီးတွင် အကောင်းဆုံးပြင်ဆင်ထား

မြန်မာနိုင်ငံတွင် တရိပ်ရိပ်မြင့်မားလာနေသည့် အပူဒဏ်ကြောင့် ရောဂါများခံစားလာရပါက ကုသပေးနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ထားကြောင်း အပူပိုင်းနှင့်ကူးစက်ရောဂါဌာန မှ ဌာနမှူး ပါမောက္ခ ဒေါက်တာ မိုးမိုးစမ်း ကပြောသည်။

“ ရောဂါရှင်တွေတက်ရောက်သည်ဖြစ်စေ မတက်ရောက်သည်ဖြစ်စေ ကျွန်မတို့က ပြင်ဆင်မှုပိုင်းဆိုင်ရာ မှာတော့ ဘယ်နှစ်မှလျော့ပြီး ပြင်ဆင် ထားတယ်ဆိုတာတော့မရှိပါဘူး။ အကုန်လုံး အရန်သင့်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်” ဟု၎င်းကဆိုသည်။

အပူဒဏ်ကြောင့်ရောဂါခံစားလာရသည့် လူနာများအတွက် အဲလ်ကွန်း၊ ပန်ကာ တို့အပြင် ဆေးဝါးနှင့် ကုသပေးရန် အခန်းများကိုလည်း ပြင်ဆင်ဆောင်ရွက်ထားကြောင်း ရန်ကုန်ဆေးရုံကြီးမှသိရသည်။

ဧပြီ ၂၂ ရက်နေ့ခန့်က အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားနေရသည့် လူနာတစ်ဦးမှာ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးလူနာအဖြစ် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြောင်းလည်း ပါမောက္ခဒေါက်တာ မိုးမိုးစမ်း ကပြောသည်။

 “ အခုလောလောဆယ် ဒီလူနာကို ရောဂါအခြေအနေအရ ICU လို့ခေါ်တဲ့အခန်းထဲမှာထားပြီးတော့ လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို ပေးထားပါတယ်”  ဟု ၎င်းကဆိုသည်။

 ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် အပူဒဏ်ကြောင့်ဖြစ်ပွားသော ရောဂါများကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ လာသူမရှိခဲ့ပဲ ၂၀၁၉ ခုနှစ် ဧပြီလတွင် အမျိုးသားလူနာတစ်ဦး ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အပူချိန်မှာ မြို့နယ်တစ်ချို့၌ စံချိန်တင်မြင့်မားနေပြီး ရန်ကုန်မြို့တွင် လည်း အမြင့်ဆုံး ၃၉ ဒီဂရီမှ ၄၁ ဒီဂရီအထိရှိနေသည်။

 ထို့ကြောင့် နေပူထဲတွင် ကိုယ်လက်လှုပ်ရှားမှုများမပြုလုပ်ကြရန်၊ အပြင်ထွက်ပါက အကာအကွယ် တစ်ခုခု အောက်တွင်သွားလာရန် ရေနှင့်ဓာတ်ဆား ဆုံးရှုံးပါက ပြန်လည်ဖြည့်တင်းပေးရန်၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသည် အပူဒဏ်ကိုပိုမိုခံစားရနိုင်သောကြောင့် သတိထားပြုမူသွားလာ ကြရန် တို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...