မြန်မာနိုင်ငံဆီ ပေးပို့မယ့် Su-30SM တိုက်လေယာဉ်တွေ ရုရှား တပ်ဆင်နေ

မြန်မာနိုင်ငံဆီ ပေးပို့မယ့် Su-30SM တိုက်လေယာဉ်တွေ ရုရှား တပ်ဆင်နေ

၂၀၁၈ ခုနှစ်က အပြန်အလှန် သဘောတူစာချုပ်အရ မြန်မာနိုင်ငံဆီ ပေးပို့မယ့် Su-30SM တိုက်လေယာဉ် ခြောက်စင်းကို ရုရှနိုင်ငံက စတင်တပ်ဆင်ထုတ်လုပ်နေပြီဖြစ်ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားက Sputnik News သတင်းဌာနကို ပြောပါတယ်။

Su-30SM တိုက်လေယာဉ် ခြောက်စင်း ဝယ်ယူရေးကို ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာပါ။

ဂျက်တိုက်လေယာဉ်တွေဖြစ်တဲ့ Su-30SM တွေကို ရုရှား Sukhoi ကုမ္ပဏီက တည်ဆောက်ထုတ်လုပ်တာဖြစ်ပြီး တိကျတဲ့ လက်နက်ခဲယမ်း အမျိုးအစား တော်တော်များများကို တပ်ဆင်ပြီး ဝေဟင်မှ ဝေဟင်၊ ဝေဟင်မှ မြေပြင် မစ်ရှင်တွေကို ဆင်နွဲနိုင်တဲ့ ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်ကြောင်း အဆိုပါ သတင်းမှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...