အင်းတော်တွင် ငွေကျပ် သိန်း ၉၆၀၀ တန်ဖိုးရှိမူးယစ်ဆေးများဖမ်းမိ

အင်းတော်တွင် ငွေကျပ် သိန်း ၉၆၀၀ တန်ဖိုးရှိမူးယစ်ဆေးများဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နဘားလမ်းခွဲတွင် ယာဉ်ဖြင့်သယ်ဆောင်လာသည့် ငွေကျပ် သိန်း ၉၆၀၀ တန်ဖိုးရှိမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြားနှင့် ငွေ ၂၀၀,၀၀၀ ကျပ်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ ယာဉ်မောင်းကို ဖမ်းဆီးထားကြောင်း ပြည်ထဲရေးမှ ဧပြီလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ဧပြီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မန္တလေး-မြစ်ကြီးနားသွားကား လမ်း၊ နဘားလမ်းခွဲတွင် ဇော်မင်းဦး(ခ)ဇော်မင်းဆိုသူ မောင်းနှင်လာသည့် VIGO အမျိုးအစား ယာဉ်ကို ရပ်တန့်ရှာဖွေရာမှ ယာဉ်၏ ကြမ်းခင်းအံဝှက် အတွင်း သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် သိန်း ၉၆၀၀ တန်ဖိုးရှိမူး ယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သော အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်းလာသူ ဇော်မင်းဦး(ခ)ဇော်မင်းဆိုသူကို သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...