မူဆယ်တွင် ဟိုက်ဒရိုကလိုရစ်အက်စစ် ပီပါအလုံး ၂ဝ နှင့် အီသိုင်းအီသာ ပီပါ ၄၅ လုံးကို သိမ်းဆည်းရမိ

မူဆယ်တွင် ဟိုက်ဒရိုကလိုရစ်အက်စစ် ပီပါအလုံး ၂ဝ နှင့် အီသိုင်းအီသာ ပီပါ ၄၅ လုံးကို သိမ်းဆည်းရမိ

မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာရှိ နေအိမ်တစ်အိမ်၏ ဂိုဒေါင်အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံး ပြုသည့် ပလတ်စတစ်ပီပါအလုံး ၂၀ ဖြင့် ထည့်ထားသော ဟိုက်ဒရိုကလိုရစ်အက်စစ် နှင့် သံပီပါ ၄၅ လုံးဖြင့် ထည့်ထားသော အီသိုင်းအီသာများကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အက်စစ်များနှင့် အီသိုင်းအီသာများကို မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာနေ အသက် ၄၃ နှစ်အရွယ် တင်မင်း(ခ)ဝင်းမင်း နေအိမ်၏ ဂိုဒေါင်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဟိုက်ဒရိုကလိုရစ်အက်စစ်များမှာ လီတာ ၃,၂၀၀ ရှိကာ အီသိုင်းအီသာမှာ လီတာ ၇,၂၀၀ ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ယင်း ဟိုက်ဒရိုကလိုရစ်အက်စစ်နှင့် အီသိုင်းအီသာများကို ဧပြီလ ၁၇ ရက်၊ ည ၇ နာရီခန့်တွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွင်းဆက်သတင်းအရ ယင်းပူးပေါင်းအဖွဲ့မှ ဧပြီလ ၁၇ ရက်၊ ည ၇ နာရီခွဲခန့်တွင် ဖိုင်ကျောင်းကျေးရွာလမ်းမ ပေါ်၌ အောင်ဆန်း(ခ)ရမ်ဆန်းဆိုသူ မောင်းနှင်ပြီး ကျော်ကျော်(ခ)အလီ လိုက်ပါလာသည့် CANTER ၁ဝ ဘီး ယာဉ်ပေါ်မှ သံမွှေအိုး ၁ လုံးနှင့် အောင်ကိုကိုဦး(ခ)ရှက်ဖီး မောင်းနှင်သည့် FUSO ယာဉ်ပေါ်မှ သံမွှေးအိုး ၂ တို့ကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် တင်မင်း(ခ)ဝင်းမင်းဆိုသူအပါအဝင် ၄ ဦးကို သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...