သမ္မတအမိန့်လွတ်ငြိမ်းတွင် တစ်ကျွန်းကျခံနေရသူ ပါဝင်

သမ္မတအမိန့်လွတ်ငြိမ်းတွင် တစ်ကျွန်းကျခံနေရသူ ပါဝင်

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေး ဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသည့် မုံးကိုးဒေသ ကာကွယ်ရေးတပ်မှ အတွင်းရေးမှူး ဦးမရမ်ဂမ်သည် ဧပြီ ၁၇ ရက်၊မွန်းလွဲပိုင်းက လွတ်မြောက်လာခဲ့သည်။

ဦးမရမ်ဂမ်သည် ၂ဝဝဝခုနှစ်က မူးယစ်ဆေးဝါးမှုဖြင့် စွပ်စွဲဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထောင်အတွင်းတွင် ၁၉ နှစ် ကျော်နေထိုင်ခဲ့ရအပြီး ယခုလို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဦးမရမ်ဂမ်က ဆိုသည်။

ထောင်မှ လွတ်မြောက်အပြီး ဦးမရမ်ဂမ်က"ထောင်ထဲမှာ ၁၉ နှစ်နေခဲ့ရတယ်။ အကြောင်းအမျိုးမျိုးနဲ့စွပ်စွဲချက်ကြောင့်ရောက်လာတာပေါ့။ မူးယစ်ဆေးဝါးလုပ်ပါတယ်ဆိုတဲ့အနေနဲ့ ရောက်လာတာပဲ။ အခုလို လွတ်လာတာ ဝမ်းသာပါတယ်။"ဟုပြောသည်။

ထောင်အတွင်း နှစ်ရှည်နေထိုင်လာခဲ့ရခြင်းကြောင့် ပြင်ပနိုင်ငံရေးကို စာတွေသာဖတ်ပြီးသိနေရပေမယ့် သေသေချာချာ ဘာမှမသိသေးကြောင်းနှင့်သူ့အနေဖြင့်လည်း လက်ရှိတွင် ဘာဆက်လုပ်ရမည်ကို မသိသေးကြောင်း ဦးမရမ်ဂမ်က ဆိုသည်။

မန္တလေးဗဟို အကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၄၃၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီး ထက်ဝက်ခန့်မှာ မူးယစ်မှုဖြင့် ကျခံနေရသူများ ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသူ ၉၅၃၅ ဦး လွှတ်ပေးခြင်း ဖြစ်ပြီး နိုင်ငံခြားသား ၁၆ ဦး ပါဝင်ကြောင်း သိရသည်။

ယမန်နှစ်က တစ်နိုင်ငံလုံးမှ အကျဉ်းသား ၈၄၉၀ ဦး လွတ်ငြိမ်းဖြင့် လွှတ်ပေးခဲ့ပြီး မန္တလေးဗဟိုအကျဉ်းထောင်မှ အမျိုးသား အကျဉ်းသား ၄၂၈ ဦး၊ အမျိုးသမီးအကျဉ်းသူ ၃၂ ဦး ၊ ထုံးဘိုကုန်ထုတ်လုပ်ရေးစခန်းမှ ၈၁ ဦး စုစုပေါင်း ၅၄၁ ဦး လွှတ်ပေးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...