ARSA သည် တိုက်ပွဲစွမ်းရည် မြင့်သည့် အဖွဲ့အစည်း မဟုတ်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြော

ARSA သည် တိုက်ပွဲစွမ်းရည် မြင့်သည့် အဖွဲ့အစည်း မဟုတ်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြော

ARSA သည် တိုက်ပွဲစွမ်းရည် မြင့်သည့် အဖွဲ့အစည်း မဟုတ်ကြောင်း ရက္ခိုင့်တပ် AA မှ ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ဧပြီ ၁၇ ရက်တွင် ပြောဆိုလိုက်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ ၀” ဒေသ ငြိမ်းချမ်းရေးလက်မှတ်ထိုးမှု နှစ် ၃၀ ပြည့် အခမ်းအနားကျင်းပနေသော ပန်ဆန်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ၄င်းကပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ သိထားသလောက်က ARSA က အဲဒီလောက်ထိ အင်အားကြီးပြီး စစ်ရေးအရ Active ဖြစ်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးဆိုတာကို လူတိုင်းလည်း သိထားပါတယ်။ ကျွန်တော်တို့ လျှော့တွက်တာ မဟုတ်ဘူး။ သူ့မှာလည်း သူ့ရဲ့ အဖျက်စွမ်းရည်ရှိမှာပဲ။ ဒါပေမယ့် တပ်က ချဲ့ကားသလိုမျိုး အဲလောက်ကြီးကျယ်တဲ့ လက်နက်ကိုင်၊ တိုက်ပွဲစွမ်းရည်တွေ မြင့်တဲ့ အဖွဲ့အစည်းတော့ မဟုတ်ဘူး။ သူဟာ မောင်တောမြို့နယ်ဖက်မှာ လူပ်ရှားတယ်ဆိုရင်တောင်မှ သူ လူပ်ရှားတဲ့ခွင်က ကျွန်တော်တို့ လေ့လာမိသလောက် ကြီးကျယ်၊ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုမျိုး မဟုတ်ဘူး”ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ARSA နှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည်။

တပ်မတော်မှ အပစ်ခတ်ရပ်စဲထားသည့် စစ်တိုင်း ၅ တိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ပါဝင်လာခြင်းမရှိဘဲ ARSA အား နှိမ်နင်းရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြသည့်အပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“၂၀၁၈ ဒီဇင်ဘာ ၁၂ ရက်မှာ ကျွန်တော်တို့ဆီက ကြေညာချက် ထုတ်လိုက်တယ်။ စစ်ဖက်ဆိုင်ရာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှောင်ရှားပြီး တစ်ခြားနည်းလမ်းတွေကို အသုံးပြုဖို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားဖို့ ကျွန်တော်တို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။ အဲဒါနဲ့ မကြာခင်မှာပဲ မြန်မာ့တပ်မတော်ရဲ့ စစ်တိုင်း ၅ တိုင်းမှာ အပစ်အခတ်ရပ်စဲဆိုတဲ့ကိစ္စလည်း ပေါ်လာခဲ့ပါတယ်။ အဲဒီကြေညာချက်ထွက်လာတော့ ပထမဆုံး ကျွန်တော်တို့ ဝမ်းသာကြတာပေါ့။ ဒါပေမယ့် တကယ်ကြည့်လိုက်တဲ့အချိန်မှာ ရခိုင်ပြည်က ပါမလာခဲ့ပါဘူး။ ရခိုင်ပြည် မပါလာဘူးဆိုတော့ ဘာဖြစ်လို့ မပါရသလဲဆိုတော့ သူတို့ဖက်က ပြန်ဖြေရှင်းချက်ကို ကြားတယ်။ ရခိုင်ပြည်က အနက်ရောင်နယ်မြေမလို့ ARSA လူပ်ရှားတဲ့နယ်မြေမို့လို့ မထည့်သွင်းခဲ့ဘူးပေါ့။ အကြမ်းဖက်တွေ နှိမ်နင်းဖို့ လိုတယ်လို့ သူတို့ပြောတာ ကြားမိတယ်”ဟု ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဒီဇင်ဘာ ၂၁ ရက် မှ ဧပြီ ၂၁ ရက် အထိ ၄ လတာကာလ အတွင်း တပ်မတော်ဘက်မှ စစ်တိုင်း ၅ တိုင်း အပစ်အခတ် ရပ်စဲထားခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများ ဖြစ်ပြီး ယင်းနယ်မြေများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော KIA ၊ TNLA ၊ MNDAA ၊ RCSS ၊ KNU တပ်များ ရှိနေသည်။

 စစ်တိုင်း ၅ တိုင်းကို အပစ်ရပ်လိုက်ခြင်းတွင် ရခိုင်ပြည်နယ်ကို ချန်ခဲ့ခြင်းမှာ တခြားရည်ရွယ်ချက်များ ရှိမည်ဟု ယူဆကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှစပြီး AA နှင့် တပ်မတော်ကြား တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

ARSA သည် ၂၀၁၇ ခုနှစ်က သြဂုတ်လ ၂၅ ရက်က ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အစိုုးရမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...