မြို့သုံးမြို့ဖွင့်ပွဲများတွင် ဝေဘူလမြို့ဖွင့်ပွဲတွင်သာ ဝန်ကြီးချုပ်တက်ရောက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့

မြို့သုံးမြို့ဖွင့်ပွဲများတွင် ဝေဘူလမြို့ဖွင့်ပွဲတွင်သာ ဝန်ကြီးချုပ်တက်ရောက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့

လေးရက်အတွင်း ကျေးရွာအဆင့်မှ မြို့အဆင့်တိုးမြှင့်ခံရသည့် မြို့ဖွင့်ပွဲကို ဧပြီလ ၃ ရက်နေ့မှ ၆ ရက်အတွင်း ပြုလုပ်ခဲ့ပြီး ဖလမ်းမြို့နယ်ရှိ ဝေဘူလမြို့ဖွင့်ပွဲကိုသာ ချင်းပြည်နယ် ဝန်ကြီးချုပ်တက်ရောက်နိုင်ပြီး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့နယ်ရှိ ဝေဘူလမြို့ဖွင့်ပွဲကို ဧပြီလ (၃) ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ် ဝန်ကြီးချုပ်၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ၊ စည်ပင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက်တို့ အပါအဝင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။ တစ်ဆက်တည်းတွင် ဝေဘူလမြို့ အလယ် တန်းကျောင်းကို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်သည့် ဖွင့်ပွဲကျင်းပပြီးနောက် လူထုတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် သည်။

ထို့နောက် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဖွင့်ပွဲကို ဧပြီလ (၅) ရက်နေ့၌ လည်းကောင်း၊ မင်းတပ်မြို့နယ်တွင်းရှိ မကွီအိမ်နူးမြို့ဖွင့်ပွဲကို ဧပြီလ (၆) ရက်နေ့တွင်လည်းကောင်း ဖွင့်လှစ် ခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများတက်ရောက်ဖွင့် လှစ်ခဲ့ကြသည်။

ဝေဘူလမြို့ကို ၁၀ - ၈ - ၂၀၁၈ ရက်စွဲပါအမိန့်အရ ရပ်ကွက်လေး ခုဖြင့် လည်းကောင်း၊ ကျင်ဒွဲမြို့ကို ၂၇ - ၁၂ - ၂၀၁၈ ရက်စွဲဖြင့် ရပ်ကွက်လေးရပ်ကွက်ဖြင့်လည်းကောင်း၊ မကွီအိမ်နူးကို ၁၃ - ၉ - ၂၀၁၇ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်စာဖြင့် တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

March 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာစက်သုံးဆီ အလုအယက် ဝယ်ယူနေကြကာ စက်သုံးဆီဈေးနှုန်းတွေ...
March 4, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y...
March 4, 2026
Chin resistance forces have been confiscating equipment connected to the Starlink internet...
March 2, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ...