တိုင်းရင်းသားအချင်းချင်းဖြစ်သည့် တိုက်ပွဲများက ပိုမိုပြင်းထန်ဟု MIPS အစီရင်ခံစာတွင် ဖော်ပြ

တိုင်းရင်းသားအချင်းချင်းဖြစ်သည့် တိုက်ပွဲများက ပိုမိုပြင်းထန်ဟု MIPS အစီရင်ခံစာတွင် ဖော်ပြ

၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် တပ်မတော်နှင့်ဖြစ်ပွားသောတိုက်ပွဲထက် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများက ပိုမိုပြင်းထန်ကြောင်း တွေ့ရှိရသည်ဟု တိုင်းရင်းသား အရေး တစိုက်မတ်မတ် စောင့်ကြည့်နေသော MIPS မှ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် တစ်နှစ်ပတ်လုံး ဒေသတွင်းလက်နက်ကိုင်များ၊ ဒေသခံများနှင့် တွေ့ဆုံပြီး အချက်အလက်များ ရယူ ထုတ်ပြန်လိုက်သော ယင်းအစီရင်ခံစာတွင် ရှမ်းပြည်မြောက်ပိုင်းသည် ပဋိပက္ခများ၏ ဗဟိုချက်မ ဖြစ်ခဲ့ပြီး ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အချင်းချင်းအကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည် ဟု ဖော်ပြထားသည်။

“ မြန်မာပြည်ရဲ့လက်နက်ကိုင် ပဋိပက္ခကိုစဉ်းစားတဲ့နေရာမှာ အစိုးရတပ်မတော်နဲ့ ဖြစ်တဲ့တိုက်ပွဲတင် မကဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေအချင်းချင်းထဲမှာလည်း ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှပဲ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို စဉ်းစားလို့ရမယ်ဆိုတာ ယူဆလို့ရပါတယ်”ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု့(MIPS) မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့၊ Melia ဟိုတယ်တွင် MIPS ၏ ၂၀၁၈ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာမိတ်ဆက်ပွဲကို ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်တွင် RCSS၊ SSPP၊ TNLA ၊ MNDAA အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ရှိပြီး TNLA၊ SSPP တို့နှင့် NCA အပစ်ရပ်ထိုးထားသော RCSS နှင့် အများဆုံး တိုက်ပွဲ ဖြစ်ပွားလေ့ရှိကာ နယ်မြေသတ်မှတ်မှုအပေါ်မူတည်ပြီး အများဆုံး ဖြစ်ပွားသည်ကို တွေ့ရသည်။

အဆိုပါ ၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်တွင်း တိုက်ပွဲများကြောင့် လူ ၁၂၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရကြောင်းလည်း သိရပြီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားသော တိုက်ပွဲကြောင့် စစ်ရှောင်ရသူ ၇၀၀၀ ကျော် ရှိသည်။

 ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ် ၅၀ တွင် စုစုပေါင်းတိုက်ပွဲ ၄၉၀ ထိဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားမှုက ၃၆၇ ကြိမ်၊ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ဖြစ်ပွားမှုက ၉၃ ကြိမ်နှင့် အခြားတိုက်ပွဲ ဖြစ်ပွားမှုက  အကြိမ် ၃၀ ထိ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ အများဆုံး ဖြစ်ပွားပြီး နမ္မတူ၊ ကွတ်ခိုင်၊  ဖာပွန်၊  ဖားကန့်နှင့် တနိုင်းတို့တွင် အများဆုံး ဖြစ်ပွားခဲ့သည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...