ဆိုရှယ်မီဒီယာပေါ်ရှိ အသံများမှာ ဒေါသစိတ်အလွန်များနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

ဆိုရှယ်မီဒီယာပေါ်ရှိ အသံများမှာ ဒေါသစိတ်အလွန်များနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook တွင် ရေးသားပြောနေကြသည်များကိုကြည့်လျှင် ဒေါသစိတ်များ အလွန်များပြားနေသည်ကို တွေ့မြင်နေရသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ယမန်နေ့ ဧပြီ ၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အတိုင်ပင်ခံရုံးမှ  သတင်းထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။

“တစ်ယောက်နှင့်တစ်ယောက်မလိုလားအပ်သည့်စိတ်၊ မုန်းတီးသည့်စိတ်၊ ဒေါသစိတ်၊ ဝေဖန်ချင်သည့် စိတ်များဖြင့် ရေးသားနေပြီး ယင်းတို့သည် မိမိတို့နိုင်ငံအတွက် အကျိုးပြုသည်မဟုတ်ဘဲ  အပေါင်းလက္ခဏာ မဆောင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆများအား လွတ်လွတ်လပ်လပ် ရေးသားဖော်ပြနိုင်သော်လည်း ကန့်သတ်ချက်များ ရှိပြီး လူတိုင်းအား ပြောချင်သလို ပြောခွင့်မရကြောင်း ၄င်းက ပြောဆိုခဲ့သည်။

ယင်းသို့ ကန့်သတ်မှုများ ပြုလုပ်ထားခြင်းသည် လူ့အသိုင်းအဝိုင်း၏ တည်ငြိမ်မှု၊ အေးချမ်းမှုများကို ထိပါးမည်ကို စိုးရိမ်သောကြောင့်သာ ကန့်သတ်ထားခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

“မိမိ၏အကောင်းကိုမြင်၍ သူတပါး၏ အကောင်းကို ကျုံ့၍မြင်ချင်းသည် သူတော်ကောင်းစိတ်ဓာတ် မဟုတ်ဘဲ သူယုတ်မာ စိတ်ဓာတ်ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်တွင် ရေးသားနေမှုများဖြင့် ပတ်သက်ပြီး ပြောဆိုခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁ ရက်နေ့တွင် ဖွင့်လှစ်သည့် မြောင်းမြ တံတားသစ် ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီးနောက် မြောင်းမြမြို့ ၊ ကျောင်းကုန်း မြို့ နှင့် ပုသိမ်မြို့တို့ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစကားပြောခဲ့သည်။

March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...