ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ရန်ကုန်မြို့တော်ကော်မတီဝင် ၆ နေရာလုံး NLD မှ အနိုင်ရ

ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ရန်ကုန်မြို့တော်ကော်မတီဝင် ၆ နေရာလုံး NLD မှ အနိုင်ရ

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့တဲ့ မြို့တော်ကော်မတီဝင်နေရာ ၆ နေရာလုံးမှာ NLD မှ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိခဲ့ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲရဲ့ ရလဒ်အားလုံးကို ရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၁ ရက် နေ့ ညနေပိုင်းမှာ အပြီးသတ် ထုတ်ပြန်ပေးလိုက်ပြီဖြစ်ပါတယ်။

မြို့တော်ကော်မတီဝင်နေရာ ၆ နေရာအတွက် မဲဆန္ဒနယ်အမှတ် ၁ မှာတော့ NLD မှ  ဦးဝင်းမြင့်သန်းက ဆန္ဒမဲ ၄၈၁၃၈ နဲ့ အနိုင်ရခဲ့ပြီး မဲဆန္ဒနယ်အမှတ် ၂ မှာ NLD မှ ဦးသူရအောင်က ဆန္ဒမဲ ၅၈၁၈၇ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မဲဆန္ဒနယ် အမှတ် ၃ မှာတော့ NLD က ဦးစိုးလွင်က ဆန္ဒမဲ ၂၈၇၈၀ နဲ့ အနိုင်ရခဲ့ပြီး အမှတ် ၄ မှာတော့ NLD က ဦးစိန်အုန်းက ဆန္ဒမဲ ၅၃၈၇၆ နဲ့ အနိုင်ရခဲ့ပါတယ်။

မဲဆန္ဒနယ် အမှတ် ၅ မှာတော့ NLD က နန့်စုရွှေစင် ခေါ် မဝိုင်းက ၃၂၇၂၆  အနိုင်ရခဲ့ပြီး အမှတ် ၆ မှာတော့ NLD  မှ ဦးမင်းဟန်က ဆန္ဒမဲ  ၅၉၂၁၇  အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

စည်ပင်သာယာရွေးကောက်ပွဲမှာ ဆိပ်ကမ်းမြို့နယ် ကော်မတီဥက္ကဋ္ဌ နေရာက လွဲရင် မြို့တော်အဆင့် ၆ ဦးနဲ့ မြို့နယ်အဆင့် ကော်မတီဝင် ၈၄ ဦးအနိုင်ရရှိခဲ့ပါတယ်။

ဒီရလဒ်ဟာ NLD ပါတီအနေနဲ့ ၉၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ  ၉ဝ ဦးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲမှာတော့ နေရာ ၁ဝ၅ နေရာ မှာ ကိုယ်စားလှယ်လောင်း ၂၇၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲအတွက် ရန်ကုန်မြို့က မဲပေးခွင့်ရှိသူ ၃ သန်းကျော်ရှိပေမယ့်  ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ရဲ့ စောင့်ကြည့်သတင်းထုတ်ပြန်ချက်အရတော့ အမှန်တကယ်မဲပေးခဲ့တဲ့ ဦးရေက ၁ဝ ရာခိုင်နှုန်း သာ ရှိတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...