စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော မဲရုံကိစ္စ ခုံရုံးဖြင့် စစ်ဆေးအရေးယူမည်

စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော မဲရုံကိစ္စ ခုံရုံးဖြင့် စစ်ဆေးအရေးယူမည်

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့ရာတွင် စမ်းချောင်းမြို့နယ်ရှိ မဲရုံ နှစ်ရုံတွင် မဲပေးနိုင်သည့် ပြည်သူအချို့ မဲစာရင်းတွင် ပါဝင်ခြင်းသည့်မရှိဘဲ ဝင်ရောက်မဲပေးမှုများ ဖြစ်ပေါ်ခဲ့ သဖြင့် ယင်းအပေါ် ခုံရုံးဖွဲ့ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ထားပြီး မဲရုံမှ တာဝန်ရှိသူများကို စစ်ဆေး ကာ ခုံရုံး၏ ထင်မြင်ယူဆချက်အရ ပေါ်ပေါက်လာသည့် အခြေအနေပေါ်မူတည်ပြီး စည်ပင်ဥပဒေဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေအရသော်လည်းကောင်း အရေးယူရန် စီစဉ်ထားကြောင်း သိရသည်။

"  ခုံရုံးအဖွဲ့ကနေ စစ်ဆေးမယ်။ တကယ်လို့ အဲ့ဒီလူတွေက တရားမဲ့ပြုကျင့်တယ်ဆိုရင်တော့ တရားမဲ့ပြုကျင့်တဲ့ အတိုင်းအရေးယူမယ်။ အခုကတော့ အကြားပဲရှိသေးတယ်။ အဲ့ဒီအကြားပေါ်မှုတည်ပြီးတော့ လောလောဆယ် ကျွန်တော်တို့က ခုံရုံးဖွဲ့ပြီးတော့ အဲ့ဒီခုံရုံးရဲ့ တွေ့ရှိချက်နဲ့ ယူဆချက်ပေါ်မှာ မူတည်ပြီးတော့မှ ဆောင်ရွက်မှာ"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က  ဧပြီလ ၁ ရက်နေ့၊ ညနေပိုင်း စည်ပင်ရွေးကောက်ပွဲ ကြေညာအပြီး မီဒီယာများဝိုင်းဝန်းမေးမြန်းစဉ် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖြစ်ပွားခဲ့သည့် မဲရုံမှ မဲများကို စည်ပင်ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ထည့်သွင်းရေတွက်ခြင်းမရှိဘဲ ပယ်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင် ပြောဆိုချက်အရ သိရသည်။

" ကိုယ်စားလှယ်လောင်းတွေကိုတော့ မထိခိုက်ဘူး။ ထိခိုက်မှု မရှိဘူး။ နည်းပါတယ်"ဟု ဦးအောင်ခိုင်က ပြောသည်။

ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် မဲရုံ ၂ ရုံမှာ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်ရှိ မဲရုံအမှတ် (၃)နှင့် အမှတ် (၄) ဖြစ်ကာ ပယ်ခဲ့သည့် မဲအရေအတွက်မှာ ၄ဝ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...