ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ဖေဖော်ဝါရီလ (၃) ရက်နေ့က တပ်မတော်စစ်ကား အစီး (၁၀၀) ခန့် ပြည်မဘက်မှ ရောက်ရှိလာသည်ဟု မတူပီမြို့ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“တပ်ထဲက ကျွန်တော့်အသိ စစ်သားတစ်ယောက်ရဲ့ ပြောပြချက်အရ တပ်ရင်း (၁၀) ရင်း၊ အယောက် (၁၀၀၀) ရောက်လာတယ်တဲ့၊ မတူပီကနေ ဘယ်ကို ဆက်သွားကြမလဲဆိုတာတော့ မသိဘူး’’ ဟု မတူပီမြို့ဒေသခံတစ်ဦးက ခိုနူမ်းသုန်မီဒီယာအဖွဲ့ကိုပြောသည်။
ထို့အပြင် ရဟတ်ယာဉ် (၂) စင်းလည်း ယမန့်နေ့က ရောက်ရှိလာသည်ဟု သိရသည်။
ယခုလက်ရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ဘက်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နှင့် တိုက်ပွဲများဖြစ်ပွားနေသည့်ကိစ္စနှင့်ပတ်သက်က်၍ တပ်အင်အားတိုးချဲ့သည့်အနေဖြင့် လာရောက်ခြင်းဖြစ်နိုင်သည်ဟု သူကပြောသည်။
မတူပီမြို့တွင် စစ်ဗျူဟာတစ်ခု၊ ခလရ(၃၀၄) နှင့် ခလရ (၁၄၀) တပ်ရင်း နှစ်ရင်းရှိသည်။







