မတူပီမြို့တွင် တပ်မတော်စစ်ကား အစီး (၁၀၀) ရောက်ရှိနေဟုဆို

မတူပီမြို့တွင် တပ်မတော်စစ်ကား အစီး (၁၀၀) ရောက်ရှိနေဟုဆို

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ဖေဖော်ဝါရီလ (၃) ရက်နေ့က တပ်မတော်စစ်ကား အစီး (၁၀၀) ခန့် ပြည်မဘက်မှ ရောက်ရှိလာသည်ဟု မတူပီမြို့ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“တပ်ထဲက ကျွန်တော့်အသိ စစ်သားတစ်ယောက်ရဲ့ ပြောပြချက်အရ တပ်ရင်း (၁၀) ရင်း၊ အယောက် (၁၀၀၀) ရောက်လာတယ်တဲ့၊ မတူပီကနေ ဘယ်ကို ဆက်သွားကြမလဲဆိုတာတော့ မသိဘူး’’ ဟု မတူပီမြို့ဒေသခံတစ်ဦးက ခိုနူမ်းသုန်မီဒီယာအဖွဲ့ကိုပြောသည်။

ထို့အပြင် ရဟတ်ယာဉ် (၂) စင်းလည်း ယမန့်နေ့က ရောက်ရှိလာသည်ဟု သိရသည်။

ယခုလက်ရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ဘက်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နှင့် တိုက်ပွဲများဖြစ်ပွားနေသည့်ကိစ္စနှင့်ပတ်သက်က်၍ တပ်အင်အားတိုးချဲ့သည့်အနေဖြင့် လာရောက်ခြင်းဖြစ်နိုင်သည်ဟု သူကပြောသည်။

မတူပီမြို့တွင် စစ်ဗျူဟာတစ်ခု၊ ခလရ(၃၀၄) နှင့် ခလရ (၁၄၀) တပ်ရင်း နှစ်ရင်းရှိသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...