Tahan Post ဂျာနယ် (မီဇိုး) စတင်ထုတ်ဝေဖြန့်ချိ

Tahan Post ဂျာနယ် (မီဇိုး) စတင်ထုတ်ဝေဖြန့်ချိ

ချင်း (မီဇိုး) ဘာသာစကားဖြင့်ထုတ်ဝေသည့် Tahan Post ဂျာနယ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀ အချိန်က ကလေးမြို့၊ တာဟန်းရှိ ခိုနူမ်းသုန်မီဒီယာအဖွဲ့ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးဇာလျံထန်းငါမှ သဘာပတိအဖြစ်လုပ်ဆောင်ပေးခဲ့ပြီး Rev. ဗန်ကူမ်းမာက Tahan Post ဂျာနယ်ကို မိတ်ဆက်ပေးခဲ့ပါသည်။

“အခုလို လူငယ်တွေကဦးဆောင်ပြီး ဒီလိုသတင်းဂျာနယ်မျိုးထုတ်လုပ်နိုင်တာ ကျွန်တော်အရမ်းဝမ်းသာအားရတယ်၊ စာဖတ်သူတွေအနေနဲ့လည်း လွတ်လပ်စွာဖတ်ရှုပြီး ကောင်းကျိုးများရရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု Rev. ဗန်ကူမ်းမာမှ အမှာစကားပြောကြားပါသည်။

အယ်ဒီတာချုပ် ဂျေစန်းသဲမှလည်း Tahan Post ဂျာနယ် အစပြုဖြစ်ခဲ့ပုံနှင့် မည်သည့်ထောက်ပံ့မှုမှမရှိပဲ လစဉ်ထုတ်လုပ်နိုင်အောင် စီစဉ်ထားမှုအခြေအနေများကို ရှင်းပြပေးခဲ့ပါသည်။

အထူးဧည့်သည်တော်များအဖြစ် ဒေါက်တာThan Bil Luai (ဝယ်စလေဆေးရုံအုပ်)၊ Pu Kapmana (စမ်းမြို့)၊ Pu B.H. Khuma (Changelzawl)၊ Pu Lalena (တာဟန်း)၊ Pu RL. Hmangaiha (Satawm)၊ Pu Ngursavunga (တာဟန်း)၊ Pu Biakhlira (တာဟန်း)၊ Pu Samuel C. Zaithankhuma (တာဟန်း)၊ Pu Sui Thawn (Lairawn Post Editor) နှင့် Pu Tera (CHRO) တို့မှ ကြွရောက်ချီးမြှင့်ပေးခဲ့ကြပါသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...