Tahan Post ဂျာနယ် (မီဇိုး) စတင်ထုတ်ဝေဖြန့်ချိ

Tahan Post ဂျာနယ် (မီဇိုး) စတင်ထုတ်ဝေဖြန့်ချိ

ချင်း (မီဇိုး) ဘာသာစကားဖြင့်ထုတ်ဝေသည့် Tahan Post ဂျာနယ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀ အချိန်က ကလေးမြို့၊ တာဟန်းရှိ ခိုနူမ်းသုန်မီဒီယာအဖွဲ့ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးဇာလျံထန်းငါမှ သဘာပတိအဖြစ်လုပ်ဆောင်ပေးခဲ့ပြီး Rev. ဗန်ကူမ်းမာက Tahan Post ဂျာနယ်ကို မိတ်ဆက်ပေးခဲ့ပါသည်။

“အခုလို လူငယ်တွေကဦးဆောင်ပြီး ဒီလိုသတင်းဂျာနယ်မျိုးထုတ်လုပ်နိုင်တာ ကျွန်တော်အရမ်းဝမ်းသာအားရတယ်၊ စာဖတ်သူတွေအနေနဲ့လည်း လွတ်လပ်စွာဖတ်ရှုပြီး ကောင်းကျိုးများရရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု Rev. ဗန်ကူမ်းမာမှ အမှာစကားပြောကြားပါသည်။

အယ်ဒီတာချုပ် ဂျေစန်းသဲမှလည်း Tahan Post ဂျာနယ် အစပြုဖြစ်ခဲ့ပုံနှင့် မည်သည့်ထောက်ပံ့မှုမှမရှိပဲ လစဉ်ထုတ်လုပ်နိုင်အောင် စီစဉ်ထားမှုအခြေအနေများကို ရှင်းပြပေးခဲ့ပါသည်။

အထူးဧည့်သည်တော်များအဖြစ် ဒေါက်တာThan Bil Luai (ဝယ်စလေဆေးရုံအုပ်)၊ Pu Kapmana (စမ်းမြို့)၊ Pu B.H. Khuma (Changelzawl)၊ Pu Lalena (တာဟန်း)၊ Pu RL. Hmangaiha (Satawm)၊ Pu Ngursavunga (တာဟန်း)၊ Pu Biakhlira (တာဟန်း)၊ Pu Samuel C. Zaithankhuma (တာဟန်း)၊ Pu Sui Thawn (Lairawn Post Editor) နှင့် Pu Tera (CHRO) တို့မှ ကြွရောက်ချီးမြှင့်ပေးခဲ့ကြပါသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...