ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ဆူရ်ခွါရွာ ကို လာမည့် နှစ်သစ် ၂၀၁၉ တွင် မြို့အဖြစ် တိုးမြှင့်ပေးရန် စီစဉ်ပြင်ဆင်နေကြောင်း ချင်းပြည်နယ် လျှပ်စစ် စက်မှုနဲ့စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြော သည်။
ဝန်ကြီးဦးစိုးထက်က “ဟားခါးမြို့ဘက်က ဆူရ်ခွါရွာ ကို စပြီးတော့ ဒီနှစ်သစ်မှာ ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ် အဲတာပြီးရင်တော့ ပလက်ဝဘက်က လေးမျိုး ချောင်းနားက သံတောင်ကိုတော့ အကြမ်းအားဖြင့် ပြင်ဆင်ထားတယ်”ဟုပြောသည်။
သူကဆက်ပြီး “ ကျွန်တော်တို့အစီစဉ် ဆွဲထားတာတော့ တောင်ပိုင်းကို တစ်မြို့ မြောက်ပိုင်းကို တစ်မြို့ စီဆိုပြီးပြင်ဆင်ထားတယ်။ အခုလက်ရှိကတော့ မြောက်ပိုင်းမှာဆိုရင် ဟားခါးက ဆူရ်ခွါပေါ့။ သံတောင်ကတော့ သုံးရာကျော်လောက်ရှိတယ် အဲတာကြောင့် သံတောင်ကိုဦးတည်ထားတယ် ချင်းပြည်နယ်တောင်ပိုင်းဖက်မှာဆိုရင်ပေါ့” ဟုပြောသည်။
လက်ရှိတွင်ချင်းပြည်နယ်အတွင်း မြို့ကိုးမြို့နယ်၊ ခရိုင်(၄) ခု၊ မြို့(၉) မြို့ရှိပြီဖြစ်ကြောင်းသိရသည်။







