ဟားခါးစာပေနှင့် ယဉ်ကျေးမှုကော်မီတီဖွဲ့စည်းနိုင်ရေး ဆွေးနွေး

ဟားခါးစာပေနှင့် ယဉ်ကျေးမှုကော်မီတီဖွဲ့စည်းနိုင်ရေး ဆွေးနွေး

ချင်းပြည်နယ် ဟားခါးမြို့တွင် ဟားခါးစာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့စည်းနိုင်ရန် ဟားခါးမြို့ရှိ လူမှုရေး အသင်းအဖွဲ့များစုပေါင်း၍ ယနေ့ အစည်းအဝေးတရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟားခါး ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလွန်ကျဲအိုက “ကျတော်တို့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာရှိကြတဲ့ လိုင် (ဟားခါး) ဘာသာ အသုံးပြု ကြတဲ့ ပြည်သူတွေ၊ ကျောင်းတွေမှာ လိုင်ဘာသာစကား သင်ကြားနိုင်ဖို့နဲ့ လိုင်ဘာသာ စကားကို တရားဝင် သင်ကြားနိုင်ဖို့ ကော်မတီတရပ်ဖွဲ့စည်းပြီး လုပ်ငန်းအကောင်အထည်ဖေါ်ရမှာ ဖြစ်တယ်“ ဟု ပြောသည်။

ယခုလက်ရှိတွင် ချင်းဆက်သွယ်ရေးအဖွဲ့ (CACC) မှ စာပေနှင့် ယဉ်ကျေးမှုကော်မတီအမည်ဖြင့် ချင်းပြည်နယ်အစိုးရထံ ယာယီမှတ်ပုံတင်ရရှိထားပြီး ဟားခါးစာပေနှင့် ယဉ်ကျေးမှုကော်မတီဆိုင်ရာ လုပ်ငန်းကို တရားဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ချင်းဆက်သွယ်ရေးအဖွဲ့၏ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးလိုင်ကျူံးက ပြောသည်။

ဟားခါးစာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့စည်းနိုင်ရန် ဦးဆောင်ရမည့် Nomination Committee ကို လူ (၉) ဖြင့်ဖွဲ့စည်းထားပြီး လာမည့် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ချင်းဆက်သွယ်ရေးအဖွဲ့ ရုံးခန်းတွင် အစည်းအဝေး တရပ်ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဤအစည်းအဝေးတွင် ဟားခါးစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ တာဝန်ရှိသူများကို ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...