ဟားခါးစာပေနှင့် ယဉ်ကျေးမှုကော်မီတီဖွဲ့စည်းနိုင်ရေး ဆွေးနွေး

ဟားခါးစာပေနှင့် ယဉ်ကျေးမှုကော်မီတီဖွဲ့စည်းနိုင်ရေး ဆွေးနွေး

ချင်းပြည်နယ် ဟားခါးမြို့တွင် ဟားခါးစာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့စည်းနိုင်ရန် ဟားခါးမြို့ရှိ လူမှုရေး အသင်းအဖွဲ့များစုပေါင်း၍ ယနေ့ အစည်းအဝေးတရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟားခါး ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလွန်ကျဲအိုက “ကျတော်တို့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာရှိကြတဲ့ လိုင် (ဟားခါး) ဘာသာ အသုံးပြု ကြတဲ့ ပြည်သူတွေ၊ ကျောင်းတွေမှာ လိုင်ဘာသာစကား သင်ကြားနိုင်ဖို့နဲ့ လိုင်ဘာသာ စကားကို တရားဝင် သင်ကြားနိုင်ဖို့ ကော်မတီတရပ်ဖွဲ့စည်းပြီး လုပ်ငန်းအကောင်အထည်ဖေါ်ရမှာ ဖြစ်တယ်“ ဟု ပြောသည်။

ယခုလက်ရှိတွင် ချင်းဆက်သွယ်ရေးအဖွဲ့ (CACC) မှ စာပေနှင့် ယဉ်ကျေးမှုကော်မတီအမည်ဖြင့် ချင်းပြည်နယ်အစိုးရထံ ယာယီမှတ်ပုံတင်ရရှိထားပြီး ဟားခါးစာပေနှင့် ယဉ်ကျေးမှုကော်မတီဆိုင်ရာ လုပ်ငန်းကို တရားဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ချင်းဆက်သွယ်ရေးအဖွဲ့၏ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးလိုင်ကျူံးက ပြောသည်။

ဟားခါးစာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့စည်းနိုင်ရန် ဦးဆောင်ရမည့် Nomination Committee ကို လူ (၉) ဖြင့်ဖွဲ့စည်းထားပြီး လာမည့် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ချင်းဆက်သွယ်ရေးအဖွဲ့ ရုံးခန်းတွင် အစည်းအဝေး တရပ်ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဤအစည်းအဝေးတွင် ဟားခါးစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ တာဝန်ရှိသူများကို ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...