ဟားခါးမြို့၌ ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ် အစီး (၁၀၀) ကျော် ဖမ်းဆီး

ဟားခါးမြို့၌ ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ် အစီး (၁၀၀) ကျော် ဖမ်းဆီး

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း နှင့် ကိုက်ညီမှု မရှိသော မော်တော်ဆိုင်ကယ် အစီး (၁၀၀) ကျော်ကို စက်တင်ဘာ ၁၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့ အများပြည်သူဆိုင်ရာ လမ်းမပေါ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိဘဲ မောင်းနှင်သွားလာနေသည့် မော်တော်ဆိုင်ကယ် အစီး (၁၀၀) ကျော်ကို ပြည်နယ်ယာဉ်အန္တရယ်၊ လမ်းအန္တရယ်ကင်းရှင်းရေး ကော်မတီးက ယခုလို ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ကြောင်း ဟားခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးသီးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို လွန်ခဲ့သောလများတွင် အသိပညာပေးမှုများဆောင်ရွက်ခဲ့ပြီးကြောင်း နှင့် ချင်းပြည်နယ်အတွင်း ယာဉ်အန္တရယ်နှင့် လမ်းအန္တရယ် ကင်းရှင်းရေးအတွက် လိုင်စင်မဲ့ယာဉ်များကို ပြီးခဲ့သည့် ဇူလိုင်လ (၂) ရက်နေ့ကစပြီး တည်ဆဲဥပဒေအရ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...