ဟားခါးမြို့၌ ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ် အစီး (၁၀၀) ကျော် ဖမ်းဆီး

ဟားခါးမြို့၌ ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ် အစီး (၁၀၀) ကျော် ဖမ်းဆီး

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း နှင့် ကိုက်ညီမှု မရှိသော မော်တော်ဆိုင်ကယ် အစီး (၁၀၀) ကျော်ကို စက်တင်ဘာ ၁၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့ အများပြည်သူဆိုင်ရာ လမ်းမပေါ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိဘဲ မောင်းနှင်သွားလာနေသည့် မော်တော်ဆိုင်ကယ် အစီး (၁၀၀) ကျော်ကို ပြည်နယ်ယာဉ်အန္တရယ်၊ လမ်းအန္တရယ်ကင်းရှင်းရေး ကော်မတီးက ယခုလို ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ကြောင်း ဟားခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးသီးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို လွန်ခဲ့သောလများတွင် အသိပညာပေးမှုများဆောင်ရွက်ခဲ့ပြီးကြောင်း နှင့် ချင်းပြည်နယ်အတွင်း ယာဉ်အန္တရယ်နှင့် လမ်းအန္တရယ် ကင်းရှင်းရေးအတွက် လိုင်စင်မဲ့ယာဉ်များကို ပြီးခဲ့သည့် ဇူလိုင်လ (၂) ရက်နေ့ကစပြီး တည်ဆဲဥပဒေအရ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...