ခိုင်ကမ်းမြို့၏ သားသတ်လိုင်စင်လေလံတင်ရောင်းချပွဲ ကြမ်းခင်းစျေးအတိုင်း လျှောက်ထားနိုင်သူမရှိ

ခိုင်ကမ်းမြို့၏ သားသတ်လိုင်စင်လေလံတင်ရောင်းချပွဲ ကြမ်းခင်းစျေးအတိုင်း လျှောက်ထားနိုင်သူမရှိ

ချင်းပြည်နယ် ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် အမဲနှင့် ဝက်လုပ်ငန်း (သားသတ်လိုင်စင်) လေလံရောင်းချပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့က ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ရာ ကြမ်းခင်းစျေးအတိုင်း လျှောက်ထားနိုင်သူမရှိသောကြောင့် တင်ဒါအောင်မြင်သူမရှိ ဖြစ်ခဲ့ရသည်ဟု သိရသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အမဲလိုင်စင်ကြမ်းခင်းစျေးမှာ ကျပ် ၁၃၀ သိန်း ဖြစ်ပြီး ဝက်လိုင်စင် ကြမ်းခင်းစျေးမှာ ကျပ် ၁၁၀ သိန်း ဖြစ်သည်ဟု သိရသည်။

“ လျှောက်ထားတဲ့သူက ၃ ယောက်ရှိတယ် အဓိကတော့ ကြမ်းခင်းစျေးက များနေတော့ မနိုင်ကြတာပေါ့နော်၊  သူတို့အတွက် မကိုက်နိုင်ဘူးဆိုပြီး မလျှောက်နိုင်ကြတာပါ’’ ဟု ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးဇိန်ကျုံးထောင်ကပြောသည်။

အဆိုပါလုပ်ငန်းလိုင်စင်များကို ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် ပထမအကြိမ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ်နှင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နောက်ဆုံးကြိမ်အဖြစ် လေလံရောင်းချပွဲပြုလုပ်သော်လည်း သတ်မှတ်ကြမ်းခင်းစျေးအတိုင်း လျှောက်ထားနိုင်သူမရှိသည့်အတွက် လမ်းညွန်မှုပေးနိုင်ရန် အထက်သို့တင်ပြထားသည်ဟု ဦးဇိန်ကျူံးထောင်းကပြောသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...