ခိုင်ကမ်းမြို့၏ သားသတ်လိုင်စင်လေလံတင်ရောင်းချပွဲ ကြမ်းခင်းစျေးအတိုင်း လျှောက်ထားနိုင်သူမရှိ

ခိုင်ကမ်းမြို့၏ သားသတ်လိုင်စင်လေလံတင်ရောင်းချပွဲ ကြမ်းခင်းစျေးအတိုင်း လျှောက်ထားနိုင်သူမရှိ

ချင်းပြည်နယ် ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် အမဲနှင့် ဝက်လုပ်ငန်း (သားသတ်လိုင်စင်) လေလံရောင်းချပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့က ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ရာ ကြမ်းခင်းစျေးအတိုင်း လျှောက်ထားနိုင်သူမရှိသောကြောင့် တင်ဒါအောင်မြင်သူမရှိ ဖြစ်ခဲ့ရသည်ဟု သိရသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အမဲလိုင်စင်ကြမ်းခင်းစျေးမှာ ကျပ် ၁၃၀ သိန်း ဖြစ်ပြီး ဝက်လိုင်စင် ကြမ်းခင်းစျေးမှာ ကျပ် ၁၁၀ သိန်း ဖြစ်သည်ဟု သိရသည်။

“ လျှောက်ထားတဲ့သူက ၃ ယောက်ရှိတယ် အဓိကတော့ ကြမ်းခင်းစျေးက များနေတော့ မနိုင်ကြတာပေါ့နော်၊  သူတို့အတွက် မကိုက်နိုင်ဘူးဆိုပြီး မလျှောက်နိုင်ကြတာပါ’’ ဟု ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးဇိန်ကျုံးထောင်ကပြောသည်။

အဆိုပါလုပ်ငန်းလိုင်စင်များကို ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် ပထမအကြိမ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ်နှင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နောက်ဆုံးကြိမ်အဖြစ် လေလံရောင်းချပွဲပြုလုပ်သော်လည်း သတ်မှတ်ကြမ်းခင်းစျေးအတိုင်း လျှောက်ထားနိုင်သူမရှိသည့်အတွက် လမ်းညွန်မှုပေးနိုင်ရန် အထက်သို့တင်ပြထားသည်ဟု ဦးဇိန်ကျူံးထောင်းကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...