NCA ကို အကောင်ထည်ဖော်ရာမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဟု CNF ဥက္ကဌ ပြော

NCA ကို အကောင်ထည်ဖော်ရာမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဟု CNF ဥက္ကဌ ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် (NCA) ကို သုံးနှစ်နီးပါး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ချင်းအမျိူးသားတပ်ဦး(CNF) ဥက္ကဌ ပူးဇင်ကျူံးက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး (NCA- S EAO Summit) ၏ ဒုတိယနေ့ သဘာပတိ အဖြစ် ဆောင်ရွက်သည့် CNF ဥက္ကဌ ပူးဇင်ကျူံးက ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သုံးနှစ်နီးပါး NCA ကို အကောင်အထည်ဖော်တဲ့ နေရာမှာ စိန်ခေါ်မှု များစွာ ရင်ဆိုင်ကြုံတွေ့ရပါတယ်၊ အဓိက စိန်ခေါ်မှု ကတော့ Package Deal လို့ ခေါ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရေ အခြေခံမှု နှင့် ခွဲမထွက်ရ ကို အလဲအလှယ်ပြုလုပ်ရေး၊ တခုတည်းသော တပ်မတော်ထားရှိရေး တို့ဖြစ်ပါတယ်၊ ဤ စိန်ခေါ်မှုတွေကို ယခု အစည်းအ ဝေးကြီးကနေ မှန်ကန်သော ဆုံးဖြတ်ချက်နဲ့အတူ မဖြစ်မနေ အဖြေရှာသွားကြရမှာဖြစ်ပါတယ်’’ ဟု CNF ဥက္ကဌကပြောသည်။

ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှ ထွက်ပေါ်လာမည့် ပြည်ထောင်စုသဘောတူစာချူပ်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“NCA မှာ အတိအလင်းဖော်ပြထားသကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှ ထွက်ပေါ်လာမည့် ပြည်ထောင်စု သ ဘော တူစာချုပ်အရ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက် ခြင်းများ ပြုလုပ်သွားကြရမှာဖြစ်ပါတယ်၊ ဤသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သံဓိဌာန် ပြုထားပြီးဖြစ်ပါ တယ်’’ ဟု ပူးဇင်ကျူံးကပြောသည်။

ယင်းကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှသာလျင် တိုင်းရင်းသားပြည်သူလူထု တရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းသာယာ ဝပြောသော နိုင်ငံတော်ကြီးကို ပြောင်းလဲတည်ဆောက်သွားနိုင်မည်ဟု ၎င်းကဆက်ပြောသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...