NCA ကို အကောင်ထည်ဖော်ရာမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဟု CNF ဥက္ကဌ ပြော

NCA ကို အကောင်ထည်ဖော်ရာမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဟု CNF ဥက္ကဌ ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် (NCA) ကို သုံးနှစ်နီးပါး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ချင်းအမျိူးသားတပ်ဦး(CNF) ဥက္ကဌ ပူးဇင်ကျူံးက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး (NCA- S EAO Summit) ၏ ဒုတိယနေ့ သဘာပတိ အဖြစ် ဆောင်ရွက်သည့် CNF ဥက္ကဌ ပူးဇင်ကျူံးက ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သုံးနှစ်နီးပါး NCA ကို အကောင်အထည်ဖော်တဲ့ နေရာမှာ စိန်ခေါ်မှု များစွာ ရင်ဆိုင်ကြုံတွေ့ရပါတယ်၊ အဓိက စိန်ခေါ်မှု ကတော့ Package Deal လို့ ခေါ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရေ အခြေခံမှု နှင့် ခွဲမထွက်ရ ကို အလဲအလှယ်ပြုလုပ်ရေး၊ တခုတည်းသော တပ်မတော်ထားရှိရေး တို့ဖြစ်ပါတယ်၊ ဤ စိန်ခေါ်မှုတွေကို ယခု အစည်းအ ဝေးကြီးကနေ မှန်ကန်သော ဆုံးဖြတ်ချက်နဲ့အတူ မဖြစ်မနေ အဖြေရှာသွားကြရမှာဖြစ်ပါတယ်’’ ဟု CNF ဥက္ကဌကပြောသည်။

ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှ ထွက်ပေါ်လာမည့် ပြည်ထောင်စုသဘောတူစာချူပ်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“NCA မှာ အတိအလင်းဖော်ပြထားသကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှ ထွက်ပေါ်လာမည့် ပြည်ထောင်စု သ ဘော တူစာချုပ်အရ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက် ခြင်းများ ပြုလုပ်သွားကြရမှာဖြစ်ပါတယ်၊ ဤသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သံဓိဌာန် ပြုထားပြီးဖြစ်ပါ တယ်’’ ဟု ပူးဇင်ကျူံးကပြောသည်။

ယင်းကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှသာလျင် တိုင်းရင်းသားပြည်သူလူထု တရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းသာယာ ဝပြောသော နိုင်ငံတော်ကြီးကို ပြောင်းလဲတည်ဆောက်သွားနိုင်မည်ဟု ၎င်းကဆက်ပြောသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...