ပူတာအိုမြို့နယ် ရေကြီးမှုတွင် အိမ်ခြေ ၄၀၀ ကျော် ရေလွှမ်း

ပူတာအိုမြို့နယ် ရေကြီးမှုတွင် အိမ်ခြေ ၄၀၀ ကျော် ရေလွှမ်း

ကချင်ပြည်နယ် မြောက်ဘက် ပူတာအိုမြို့နယ် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ များလာသည့်အတွက် ကျေးရွာအချို့တွင် တနင်္ဂနွေနေ့မှ စတင်ပြီး ရေဘေး ဒဏ်ကို ကြုံတွေ့နေရသည်။

အထက်ဆန်ဂေါင်၊ လုံမူဒမ်း၊ ဝါးဆာရ်၊ မုံငူရ်၊ ပူတောင်း အပြင် နီးစပ်ရာ ကျေးရွာရှိ အိမ်ခြေ ၄၀၀ ကျော်တွင် ရေလွှမ်းခဲ့သည်ဟု ဒေသခံ ဦးအောင်ခမ်း ထံမှ သိရပါသည်။

“၁ နှစ်စာ စုထားတဲ့ စပါးကြီတွေ ရေဝင်သွားတယ်။ ရေက ၅ ပေလောက် ထိ မြင့်တက်တယ်။အိမ်အောက်ထပ်မှာ ဆိုင်ကယ်ထားတာ၊ ဝက်ခြံတွေ ထားတာ အကုန် မြုပ်သွားတယ်။ လယ်ထွန်စက်တွေ ပျက်သွားတယ်” ဟု ပြောဆိုပါသည်။

စာသင်ကျောင်း ၃ ခုတွင်လည်း ရေဝပ်နေသည့်အပြင် လမ်းတံတားအချို့လည်း ပျက်စီးနေသဖြင့် စာသင်ကြားနိုင်ရန် ခက်ခဲနေသည်ဟု ဆက်လက် သိရပါသည်။

သို့သော်လည်း ရေဘေးဒဏ်ခံ ဒေသခံများအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ လက်တွေ့ ကူညီပေးခြင်း မရှိသေးသောကြောင့် သောက်ရေ နှင့် အခြား အကူညီအတွက် လိုအပ်နေသည်ဟု ပြောပါသည်။

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...