ဖားကန့် ကျောက်စိမ်းတွင်း ပြိုကျမှု လူ (၂)ဦးသေ၊ (၁)ဦး ဒဏ်ရာရ

ဖားကန့် ကျောက်စိမ်းတွင်း ပြိုကျမှု လူ (၂)ဦးသေ၊ (၁)ဦး ဒဏ်ရာရ

ဖားကန့် ဆိပ်မှု (ဆိုင်းတောင်) ကျေးရွာအုပ်စု Kawng San ကျေးရွာ နှင့် မိုးကာရွာ ကြားတွင် ကျောက်စိမ်းတွင်း ကမ်းပါး ပြိုကျမှုကြောင့် ရေမဆေးသမား (၂)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာ ရရှိသွားပါသည်။

သြဂုတ်လ (၂၉)ရက်ည (၈)နာရီ အချိန် 'အောင်ဟိန်းမင်း ကုမ္ပဏီ' ဟောင်း လုပ်ကွက်တွင် တနိုတပိုင် ကျောက်စိမ်းတူးဖော်သူ (၃)ဦးသည် ကမ်းပါးပြိုလာသောကြောင့် ပြုတ်ကျသွားရာမှ ယခုလိုသေဆုံး ထိခိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု အခင်းဖြစ်ပွားနေရာရောက်ရှိသူများ ပြောပြသည်။

ယခုလို ရေမဆေးသမားများ မကြာခဏ မြေစာပုံပြိုကျခြင်း၊ ကမ်းပါးပြိုကျမှုကြောင့် လူသေဆုံးမှုများလာသည့်အပေါ် အစိမ်းရောင်အဖွဲ့ (Green Land) မှ တာဝန်ရှိသူ ဦး Ying Hkaw ယခုလိုသုံးသပ်ပြောဆိုသည်။

“ကျောက်မျက်တူးဖော်တဲ့ကုမ္ပဏီများက နိုင်ငံတောအစိုးရ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့လုပ်ငန်းတွေ ပိတ်သိမ်းချိန်မှာ မြေ ပြန်ဖို့ခြင်း မရှိဘူး။ ပွင့်လင်းရာသီမှာ စက်ကရိယာတွေကိုလိုအပ်တာထက် အလွန်အကျုံ အသုံးပြုတာကြောင့် ကမ်းပါးတွေကွဲအက်လာတယ်။ မိုးရာသီဆိုတော့ ကမ်းပါးတွေပြို။ လူသေဆုံးမှုများလာတယ်။”

ရေမဆေးကျောက်တူးသမားများသည်လည်း မဆင်မခြင် လုပ်ကိုင်စားသောက်မှု၊ ဥပဒေနဲ့မညီသော သက်တမ်းကုန် လုပ်ကွက်များတွင် ဝင်ရောက်တူးဖော်ခြင်း စသည်တို့ကို မလုပ်သင့်ကြောင်း နှင့် တနိုင်တပိုင် လုပ်ကိုင်ရာတွင် သက်ဆိုင်ရာအစိုးရအာဏာပိုင်များကိုခွင့်တောင်းပြီး လုပ်ကိုင်စားသောက်စေလိုကြောင်း ကို သူ ဆက်ဆိုသည်။

ယခုလက်ရှိ ဒဏ်ရာရရှိသူ ရေမဆေးသမား (၁)ဦး ဖားကန့်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း မေးမြန်းသိရသည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...