UPDJC နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် ကချင်လူထု တွေ့ဆုံမည်

UPDJC နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် ကချင်လူထု တွေ့ဆုံမည်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် ကချင်လူထု တွေ့ဆုံမှု သြဂုတ် ၃၁ ရက်နေ့ မြစ်ကြီးနားတွင် ပြုလုပ်မည်ဟု သိရပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုထိရောက်စေရန် UPDJC အစည်းအဝေး မရှိချိန် နယ်လှည့်ပြီး လူထုအသံကို သွားရောက် နားထောင်ခြင်း ဖြစ်သည်ဟု UPDJC အဖွဲ့ဝင် ဒေါက်တာ Manam Tu Ja (မနမ်တူးဂျာ) ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

"ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ လူထုအသံက အရေးကြီးတယ်။ ကချင်ပြည်နယ်မှာက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်မရဘူးလေ။ ဘာလို့ဆိုတော့ KIO အဖွဲ့က NCA လက်မှတ်မထိုးလို့။ ဒီလိုအခြေအနေအောက်မှာ UPDJC က ပါတီအစုအဖွဲ့ခေါင်းဆောင်တွေနဲ့ လူထုတွေ တွေ့ဆုံမှုဆိုတာလည်း အရေးကြီးပါတယ်။”

လူထုနှင့် တွေ့ဆုံခြင်း ရက်မတိုင်မှီ သြဂုတ် ၂၉-၃၀ ရက်များတွင် ပြည်နယ်တွင်း အနိုင်ရနိုင်ငံရေးပါတီ၊ အနိုင်မရ နိုင်ငံရေး ပါတီတို့ဖြင့်လည်း ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

သြဂုတ် (၃၁)ရက်နေ့ ပြုလုပ်မည့် အစီစဉ်တွင် လူထု ကိုယ်စားပြု အဖွဲ့အစည်းများမှ လူဦးရေ ၃၀၀ ခန့်ဖြင့် တွေ့ဆုံရန် UPDJC မျှော်မှန်းထားသည်။

ယခုလှုပ်ရှားမှုများသည် UPDJC နိုင်ငံရေးပါတီများ၏ အစီစဉ်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်တိုင်းရှိ လူထုနှင့် တွေ့ဆုံရန် ဆုံးဖြတ်ထားကြောင်း သိရပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...