မြစ်ဆုံစီမံကိန်း ရွှေ့ပြောင်းရွာသားများကို ACHC က ဆန်အိတ် ကူညီပေး

မြစ်ဆုံစီမံကိန်း ရွှေ့ပြောင်းရွာသားများကို ACHC က ဆန်အိတ် ကူညီပေး

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသော အောင်မြင်သာ ရွာသားများကို စီမံကိန်း ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးစားနေသော တရုတ် ACHC က ဆန်အိတ်များကို  သြဂုတ် ၂၈ ရက်နေ့ တွင်ထပ်မံ ထောက်ပ့ံမှု ပေးခဲ့ပါသည်။

စီမံကိန်းစတင်ချိန်မှ ရွှေ့ပြောင်းသွားရသော မြစ်ဆုံ ဒေသခံများကို တစ်နှစ်လျှင် ၃ ကြိမ် ပုံမှန် ထောက်ပံ့ပေးခြင်းလည်း ဖြစ်သည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို အလိုမရှိသော်လည်း စားဝတ်နေရေး အဆင်မပြေမှု ကြုံနေရသောကြောင့် တရုတ်ကုမ္ပဏီ၏ ထောက်ပံ့မှုကို ရယူနေခြင်းမှာ စိတ်မကောင်းစရာ ဖြစ်ကြောင်း မြစ်ဆုံအရေး ကန့်ကွက်တက်ကြွသူ ဒေါ် Nhkum Ja Hkawn (အင်ခွမ်ဂျာခေါန်) က ကချင်သတင်းဌာန KNG ကို ယခုလို ရင်ဖွင့်ပါသည်။

“ကျမတို့ကို သူတို့က အတင်းရွှေ့ပြောင်းခိုင်းလို့ ပြောင်းလာတာ ဟုတ်တယ်။ ဒီနေရာမှာက ဘာမှလုပ်စားလို့မရဘူး။ အဲ့တော့ သူတို့က ထောက်ပ့ံ ပေးရမယ်။ အခုသူတို့ထောက်ပံ့ပေးတာ က မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ပုံမှန်ထောက်ပံ့နေတယ်။ ပြီးရင်မြစ်ဆုံစီမံကိန်းအတွက် သူတို့နည်းအမျိုးမျိုးနဲ့ကြိုးစားနေတယ်။ ဒါကြောင့် အမြဲစိတ်မကောင်းဖြစ်မိတယ်။”

မြစ်ဆုံစီမံကိန်း (၇)နှစ် ရပ်နားထားပြီး ယခုအချိန်စီမံကိ်န်းများ လှုပ်ရှားလာသဖြင့် စိတ်မကောင်းသလို အစိုးရမှ စီမံကိန်းကို ရပ်တန့်ပေးစေချင်ကြောင်း ဆက်လက်ပြောဆိုသည်။

တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီ State Power Investment Corporation (SPIC) ၏ ထောက်ပ့ံပေးမှုသည် မြစ်ဆုံစီမံကိန်နှင့် မသက်ဆိုင်ဘဲ ရွှေ့ပြောင်းလာသော ရွာသားများကို လူသားချင်းစာနာထောက်ထားမှု နှင့် အတူ ကူညီပေးနေခြင်းဖြစ်သည်ဟု အောင်မြင်သာ အုပ်ချုပ်ရေးမှူး ဦး Naw Ja (နော်ဂျာ) ကလည်း ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

“သူတို့ပြောတာကတော့ စီမံကိန်းကြောင့် ရွှေ့ပြောင်းလာတဲ့ရွာသားတွေက စားဝတ်နေရေးအဆင်ပြေရန်အတွက် ဆိုပြီးထောက်ပံ့ပေးနေတယ်။ သူတို့ကိုယ်တိုင်လည်း ခဏခဏအဲ့လိုဘဲပြောတယ်။ တစ်ခြားဘာရည်ရွယ်ချက်မှမရှိဘူးလို့။”

အောင်မြင်သာကျေးရွာအတွင်း လက်ရှိလူဦးရေ ၂၁၅၄ ခန့်ရှိပြီး ဆန်အိတ်များကို မိသားစုလူဦးရေပေါ်မူတည်ပြီး တစ်အိမ်ကို (၉)အိတ်၊ (၁၀)အိတ်ခန့်ပေးသည် ဟုသိရသည်။

အောင်မြင်သာကျေးရွာသာမက Mali Yang (မလိယန်) ကျေးရွာဘက်တွင်လည်း ဆန်အိတ် ထောက်ပံ့မှုကို မနက်ဖြန် ထပ်မံ ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သိရပါသည်။

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...